close

စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရပြီး ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ) တပ်မဟာ (၉)၊ တပ်ရင်း (၆) ဒေသ ဆိုင်းတောင်၊ စဘော်မှော်ကျေးရွာနားမှာ နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်လောက်က စစ်ကောင်စီ တပ်သားတွေ မော်တော်ယာဉ်နဲ့ ဖြတ်သန်းလာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခိုက်ရတယ်လို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်သား ၈ ဦးပါတဲ့ ကားတစီးဟာ‌ စဘော်မှော်နား သွားလာနေတဲ့အချိန် ကေအိုင်အေက မိုင်းခွဲ တိုက်ခိုက်လိုက်တာကြောင့် ကားမောင်းတဲ့ စစ်ကောင်စီတပ်သား တယောက် သေဆုံးပြီး ငါးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဖားကန့် စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့သလို ခ.မ.ရ (၁၁၁) တပ်သားတွေကလည်း စဘော်မှော်ကျေးရွာနားမှာ သွားလာလှုပ်ရှားနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် ညနေကလည်း  ဆိုင်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်သားတွေ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up