နည်းပြ ဂွါဒီယိုလာ မန်စီးတီးနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရ

နည်းပြ ပက်ဂွါဒီယိုလာနဲ့ မန်ချက်စတာစီးတီးအသင်းတို့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရသွားပြီလို့ ဗြိတိသျှမီဒီယာတွေမှာ ဖော်ပြပါတယ်။
မန်စီးတီးက ဂွါဒီယိုလာကို ၁ နှစ်စာချုပ်သက်တမ်း တိုးထားပြီး နောက်ထပ် ၁၂ လ သက်တမ်းထပ်တိုးနိုင်ခွင့်ပါ သဘောတူထားတယ်လို့ သတင်းတွေမှာ ရေးသားထားပါတယ်။ နည်းပြရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး စာချုပ်သစ်အရ နည်းပြဟာ မန်စီးတီးမှာ ၂၀၂၅ အထိ ရှိနေတော့မှာ ဖြစ်ပါတယ်။
အသက် ၅၁ နှစ်အရွယ် နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးကို ၂၀၁၆ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ အက်ဖ်အေဖလားတကြိမ် ရယူပေးထားပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။