close

၂၀၂၆ ကမ္ဘာ့ဖလားတွင် အုပ်စုပွဲများသရေကျပါက ပင်နယ်တီဆက်ကန်ရနိုင်

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အုပ်စုပွဲစဉ်တွေသရေကျခဲ့မယ်ဆိုရင် ပင်နယ်တီအဆုံးအဖြတ်  ဆက်ပြီး ယှဉ်ပြိုင်စေဖို့ ဖီဖာဘက်က စီစဉ်နေပါတယ်။

အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာ လက်ခံကျင်းပမယ့် အဲဒီပြိုင်ပွဲမှာ စုစုပေါင်း ၄၈ သင်းအထိ နောက်ဆုံးအဆင့်ကိုယှဉ်ပြိုင်ခွင့်ရမှာပါ။

အုပ်စုတစ်ခုကို သုံးသင်းပါ ၁၆ အုပ်စု ခွဲကာ ယှဉ်ပြိုင်ကစားဖို့ အကြမ်းဖျင်း စီစဉ်ထားတာပါ။ သုံးသင်းအုပ်စု ဖြစ်တာကြောင့် အသင်းတစ်သင်းက အုပ်စုပွဲစဉ် ၂ ပွဲကစားရမှာဖြစ်ပြီး အုပ်စုပထမနဲ့ ဒုတိယ နှစ်သင်းက ရှုံးထွက်အဆင့်တက်ခွင့်ရမှာပါ။

ဖီဖာရဲ့နည်းစနစ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အရာရှိချုပ် မာကိုဗန်ဘက်စ်တန်ကတော့ အုပ်စုတွင်းမှာ ဝ-၀၊ ၁-၀ လို ရလဒ်တွေ ထွက်ပေါ်ပြီး သုံးသင်း စလုံးကတစ်ပွဲစီ နိုင်ပွဲရနေမယ်ဆိုရင် နောက်တစ်ဆင့်တက်ဖို့ ဆုံးဖြတ်ရာမှာ အခက်အခဲရှိ လာနိုင်တာကြောင်း အဲဒီအတွက် သရေပွဲ ဖြစ်ခဲ့မယ်ဆိုရင် ပင်နယ်တီအဆုံးအဖြတ်ခံယူတဲ့ နည်းလမ်းက ရွေးချယ်နိုင်တဲ့ နည်းလမ်းဖြစ်ကြောင်းပြောထားပါတယ်။

အခုနှစ် ကမ္ဘာ့ဖလား အုပ်စုပွဲတွေမှာ သရေပွဲ ၉ ပွဲအထိရှိခဲ့ပြီး  ၅ပွဲက ဂိုးမရှိသရေပွဲဖြစ်ခဲ့ပြီး နောက် ဖီဖာဘက်က စည်းမျဉ်းသစ်တစ်ခုနဲ့ ပြောင်းလဲကျင်းပဖို့ စဉ်းစားလာခဲ့တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up