close

သပိတ်မှောက်မှုကြားက ဘိလပ်မြေစက်ရုံ ပြန်လည်ပတ်ရန် တောင်ကိုရီးယားသမ္မတ ညွှန်ကြား

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ထရပ်ကားယာဉ်မောင်းတွေရဲ့ သပိတ်မှောက်မှုကြားက ဘိလပ်မြေစက်ရုံကို ပြန်လည်ပတ်နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ထားဖို့ ဒီဇင်ဘာ ၄ ရက်မှာ ညွှန်ကြားလိုက်ပါတယ်။

အစိုးရနဲ့ သမဂ္ဂကြားက ညှိနှိုင်းရေးမှူးတွေဟာ အနိမ့်ဆုံးလုပ်ခလစာ စည်းမျဉ်းနဲ့ပတ်သက်လို့ သဘောထားကွဲလွဲမှုအပေါ်မှာ တိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးတာကြောင့် ထောင်ပေါင်းများစွာသော တောင်ကိုရီးယား ထရပ်ကားယာဉ်မောင်းတွေရဲ့ သပိတ်ဟာ အချိန် ၁၀ ရက်ကျော် ကြာမြင့်လာခဲ့ပါပြီ။

ဒီဆန္ဒပြသပိတ်မှောက်မှုအတွင်း ဥပဒေချိုးဖောက်သူတွေကို အပြစ်ပေးမှာဖြစ်တယ်လို့လည်း ယွန်းက ကြေညာထားပါတယ်။

အစိုးရဝန်ကြီးတွေကိုလည်း ယာဉ်မောင်းအစားထိုးတာတွေ၊ စစ်မှုထမ်းတွေနဲ့ စစ်ဘက်သုံးကိရိယာတွေ အစားထိုး အသုံးပြုပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ဖို့ ညွှန်ကြားထားတာပါ။

အစိုးရက ထရပ်ကားယာဉ်မောင်းတွေအတွက် အနည်းဆုံးလုပ်ခလစာစနစ်ကို နောက် ၃ နှစ်အထိ တိုးပေးဖို့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။

တောင်ကိုရီးယား ကုန်သွယ်ရေးသမဂ္ဂများ မဟာမိတ်အဖွဲ့ချုပ်က လာမယ့် ဒီဇင်ဘာ ၆ ရက်မှာ အထွေထွေသပိတ်ပြုလုပ်ဖို့ စီစဉ်နေပြီး ဒီစနစ်ဟာ ထရပ်ကားယာဉ်မောင်းတွေအတွက် အခွင့်အလမ်း ပိုရှိသင့်သလို အတည်တကျလည်း ဖြစ်သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up