ရှုံးနိမ့်မှုတိုင်း နာကျင်ခံစားရကြောင်း ဘရာဇီးကွင်းလယ်ကစားသမား ကတ်စမီရို ပြော

ရှုံးနိမ့်မှုတိုင်း နာကျင်ခံစားရကြောင်း ဘရာဇီးကွင်းလယ်လူ ကတ်စမီရိုက ပြောကြားလိုက်ပါတယ်။
ဘရာဇီးအသင်းဟာ ခရိုအေးရှာနဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပင်နယ်တီ အဆုံးဖြတ်နဲ့ရှုံးခဲ့ပြီး ပြိုင်ပွဲကနေထွက်ခွါခဲ့ရတာပါ။
ပွဲချိန်အတွင်းဂိုးမရှိသရေကျနေလို့ အချိန်ပိုဆက်လက်ကစားခဲ့ရာမှာ နေမာက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးပြန်ပေးခဲ့ရတာပါ။
ရှုံးနိမ့်မှုတိုင်းက နာကျင်ခံစားရပြီး အထူးသဖြင့် ဦးဆောင်ဂိုးရပြီးချိန်၊ အိပ်မက်တစ်ခုရှိလာချိန်တွေမှာ ရှုံးနိမ့်ခဲ့ရတာက ပိုပြီးထိခိုက်ခံစားရကြောင်း ကတ်စမီရိုက ပွဲအပြီးမှာပြောပါတယ်။
ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့အပေါ် စကားလုံးရှာဖွေဖို့ ခက်ခဲပြီး တစ်သင်းစလုံးဝမ်းနည်းရပေမယ့် အကောင်းဆုံးကြိုးစားခဲ့ပြီးဖြစ်လို့ ခေါင်းကိုမော့ပြီး ရှေ့ဆက်လျှောက်ဖို့သာ ပြင်ဆင်ရမယ်လို့ ကတ်စမဲရိုးက ပြောသွားပါတယ်။