close

၄၈ နာရီအတွင်း ပြင်းအားအသင့်တင့်ရှိ ငလျင် ၅ ကြိမ် လှုပ်ခတ်ခဲ့

ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၃ နာရီလောက်က စတင်လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၄၈ နာရီအတွင်းမှာ ပြင်းအားအသင့်တင့်ရှိတဲ့ ငလျင်အကြိမ်ပေါင်း ၅ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားရမှုဦးစီးဌာနက ထုတ်ပြန်ချက်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက် မနက်က မန္တလေး ငလျင်စခန်းတောင်ဘက် ၁၅ မိုင်အကွာ၊ တံတားဦးအရှေ့ဘက် ၄ မိုင်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅.၂ ငလျင်လှုပ်ခဲ့အပြီး ညဘက်မှာတော့ တမူးမြေငလျင်စခန်းအရှေ့ဘက် ၆၅ မိုင်အကွာ၊ ပင်လယ်ဘူး မြို့ မြောက်ဘက် ၉ မိုင်အကွာကို ဗဟိုပြုပြီး ရစ်တာစကေး၄.၂ ငလျင် ထပ်မံလှုပ်ခဲ့ပါတယ်။  

ဒီဇင်ဘာ ၁‌၆ ရက် မနက်ပိုင်းမှာ မန္တလေး ငလျင်စခန်းတောင်ဘက် ၉ မိုင်အကွာ ပြည်ကြီးတံခွန်မြို့ အရှေ့ဘက် ၂ မိုင်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၃.၆ ငလျင်နဲ့ နေ့လယ် ၁ နာရီလောက်မှာ မန္တလေး ငလျင်စခန်း တောင်ဘက် ၁၂ မိုင်အကွာ၊ မြစ်ငယ်မြို့ အရှေ့ဘက် ၃ မိုင်အကွာကို ဗဟိုပြုပြီး အင်အား ရစ်တာစကေး ၃.၃ ငလျင် လှုပ်ခဲ့ပါတယ်။ 

တဆက်တည်းမှာပဲ နေ့လယ် ၂ နာရီလောက် မန္တလေး ငလျင်စခန်းတောင်ဘက် ၁၂ မိုင်အကွာ၊ အမရပူရမြို့ အနောက်ဘက် ၃ မိုင်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄.၇ ငလျင်လှုပ်ခဲ့ပါတယ်။

၄၈ နာရီအတွင်း ငလျင် ၅ ကြိမ်လှုပ်ခတ်ခဲ့တဲ့အတွက် နှစ် ၁၀၀ မှာ တကြိမ်လောက် လှုပ်ခတ်တတ်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြော လှုပ်ခတ်လာမှာကို ပြည်သူတွေက စိုး‌ရိမ်နေကြပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မနက်က မန္တလေး တံတားဦးကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့  ငလျင်ကြောင့် စေတီပုထိုးတွေ၊ သာသနာအဆောက်အအုံတွေနဲ့ လူနေအိမ်အချို့ပျက်စီးခဲ့‌ပြီး ဒီနေ့ ၁၆ ရက်က လှုပ်ခတ်ခဲ့မှုကြောင့် အင်းဝယဉ်ကျေးမှုဒေသ၊ ဒေါ်ဂျမ်းဘုရားစုက ‌ဘုရားအချို့ အနည်းငယ်ပျက်စီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up