close

ဒီးမော့ဆိုတွင် ပျက်စီးနေသည့်လမ်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ပြုပြင် (ဓာတ်ပုံ)

ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ပျက်စီးနေတဲ့ ကျေးရွာလမ်းပိုင်းတွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းခင်းပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့က ဒီး​မော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ပျက်စီးနေတဲ့ ကျေးရွာလမ်းမကြီးကို အများပြည်သူတွေ သွားရေးလာ​ရေး အဆင်​ပြေ​​ချော​မွေ့စေဖို့အတွက် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့-ဒီး​မော့ဆို (DMO - Local PDF) တပ်ဖွဲ့က သဲနဲ့ ကျောက်များခင်းကာ ပြန်လည်ပြုပြင်​ပေးခဲ့တာပါ။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက “လမ်းက တော်တော်ဆိုးပါတယ်။ ကားတွေ ဆိုင်ကယ်တွေ ခနခနမှောက်တယ်။ လမ်းကျောက အရမ်းကျဉ်းတော့ ယာဉ်တစီးနဲ့ တစီး ရှောင်တဲ့နေရာမှာ မလွတ်တော့ အင်ဂျင်ပိုင်းထိတာတွေ ဖြစ်တယ်။ ကျနော်တို့မှာလည်း ရန်ပုံငွေကနည်းတော့ အကောင်းကြီးဖြစ်အောင်တော့ မပြင်နိုင်ဘူးဗျ။ ပြည်သူတွေ ထောက်ပံ့ထားတဲ့ ငွေတချို့နဲ့ သဲ၊ ကျောက်၊ ဘိလပ်မြေ လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး လမ်းခင်းခဲ့တာပါ” လို့ ပြောပါတယ်။

အဆိုပါလမ်းပိုင်းကို ဒီးမော့ဆိုအတွင်းက စစ်ဘေးရှောင်ပြည်သူတွေ အဓိက အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်ကလည်း ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကာလ ၂ နှစ်နီးပါး ကြာမြင့်နေပြီး စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ရှောင်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO - Local PDF) က ဆန်နဲ့ တခြား ထောက်ပံ့ပစ္စည်းတွေ သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up