close

ခမရ ၄၂၄ မှ စစ်ကောင်စီတပ်ကြပ် ၁ ဦး အာဏာဖီဆန် CDM ပြုလုပ်

ရှမ်းပြည်နယ်​တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အ​ခြေစိုက် စစ်ကောင်စီတပ် ခမရ ၄၂၄ တပ်ရင်းကနေ အာဏာဖီဆန် CDM ပြုလုပ်လာတဲ့ တပ်ကြပ်တယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ထံ ဝင်ရောက်လာတယ်လို့ KNDF တပ်ရင်း-၁၂ က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

တပ်ကြပ် ခွန်ပေဒိဟာ စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် မတရားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာကြောင့် ဒီဇင်ဘာ ၁၉ ရက်က G3 အမျိုးအစား သေနတ် ၁ လက်နဲ့အတူ CDM ပြုလုပ်လာတာဖြစ်ပြီး CDM တပ်သားကို KNDF တပ်ရင်း-၁၂ က ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကလည်း လွိုင်ကော်အခြေစိုက်တပ် ဆေးတပ် တဆရတပ်မှ တပ်သား မောင်ငြိမ်းချမ်း (ခ) ဖိုးလပြည့် ကိုယ်ပိုင်အမှတ် တ-၅၅၉၉၃၅ ဟာ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) ထံ ခိုလှုံခွင့်တောင်းကာ CDM ပြုလုပ်ခဲ့ပါသေးတယ်။

စစ်ကောင်စီသားတွေအနေနဲ့ ပြည်သူ့တပ်ဖွဲ့တွေထံ ခိုလှုံတာဟာ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် ထိ‌ရောက်မှုရှိတဲ့ အထောက်အကူဖြစ်တာကြောင့် ပြည်သူဘက် မျက်နှာမူကာ အမှန်တရားဘက် ကူးပြောင်းလာပါက နွေးထွေးစွာ ကြိုဆိုနေမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up