close

ပုလောမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်‌ဆီး၊ ဒေသခံထောင်ချီ တိမ်းရှောင်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလမြို့အနီးကျေးရွာတွေကို  စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင်း နေအိမ် အလုံး ၃၀ ကျော်ပျက်စီးသွားပြီး ဒေသခံ ၁၂၀၀ လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေနဲ့  ပုလောမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနက် ၁၀ နာရီလောက်က   စစ်ကား ၁၀ စီးပါယာဉ်တန်းနဲ့  ခြေလျင်တပ်သား ၂၀၀ ကျော် လောက် မြိတ်-ပု‌လောကားလမ်းပေါ် တိုကျေးရွာ၊ တန်းရှင်းရွာနဲ့ သင်္ကန်းတော စတဲ့ ကျေးရွာတွေရှိ လူနေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒေသခံတစ်ဦးက "သင်္ကန်းတောမှာတော့ အိမ်မှာလူမရှိလို့ အိမ်ကို ကန်ဖြဲပြး  ဆိုင်ကယ်တွေယူသွားတာရော မီးရှို့တာရောရှိတယ်။ တန်းရှင်းရွာက အိမ်တွေထဲကိုဝင်ပြီး ဖျက်ဆီးတယ်၊ ပြီးတော့စားစရာ‌ တွေရော၊ ကြက်တွေဝက်တွေအကုန်ယူသွားတယ်၊ သူတို့ စစ်ကားတွေဖြတ်လာတိုင်း မိုင်းဆွဲခံနေကြရတော့ တော်တော်လေးကို မကျေမနပ် ဖြစ်‌နေတာထင်တယ်"လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တပ်တွေရဲ့ လက်ချက်နဲ့ တိုကျေးရွာရှိနေအိမ် ၂၁ လုံး၊ သင်္ကန်းတောကျေးရွမှာ နေအိမ် ၂ လုံး၊  တန်းရှင်းကျေးရွာမှာ နေအိမ် ၉ လုံးအထိ မီးလောင်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ ဘေးရန်ကြောင့် အဆိုပါကျေးရွာတွေမှာ  ရွာသး ၁၀၀၀ ကျော်လောက်  ထိထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ဒေသခံတစ်ဦးက ဆိုပါတယ်။

"လက်ရှိသိရသ‌လောက်က တန်းရှင်းရွာမှာ လူ ၄၀၀ ကျော်အထိ ထွက်ပြေးနေရတယ်၊ တိုရွာမှာ ဆို ၅၀ဝ လောက်ရှိတယ်၊ အားလုံးပေါင်း ၁၂ဝဝ လောက်ရှိမယ်။ ပြီးတော့ တိုရွာမှာ ရွာသားတွေကို ဖမ်းသွားတယ်။ အမျိုးသမီးတချို့လည်း အဖမ်းခံရတယ်လို့ကြားတယ်။ တော်တော်ယုတ်မာ ကြတာ။”

လက်ရှိ အချိန်မှာတော့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံ ၁၂၀၀ လောက်ထဲက  တန်းရှင်းရွာသား စစ်ဘေးရှောင်တချို့‌ကတော့ နေရပ်သို့ပြန်လာနေကြတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up