မြင်းမူမြို့ လွတ်လပ်ရေးကျောက်တိုင်အနီး ဗုံးပေါက်ကွဲ၊ စစ်တပ်အရာရှိ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ လွတ်လပ်ရေးကျောက်တိုင်အနီးမှာ ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်က အရာရှိတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) နဲ့ မဟာမိတ်အဖွဲ့တွေက လွတ်လပ်ရေးကျောက်တိုင်အနီးမှာ ပါဆယ်မိုင်းချထားရာ စစ်ကောင်စိတပ်သားတွေက မိုင်းကို စစ်ဆေးဖို့ ဝိုင်းနေချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည် သူ့တပ်ဖွဲ့ (PAFD) တာဝန်ရှိသူက“အစကတော့ ဒဏ်ရာရတာလောက်ပဲ ရှိတယ်လို့ ကြားတာ။ မနက်ကျမှ ဗိုလ်တယောက်သေတယ်ဆိုပြီး သတင်းရတာဖြစ်တယ်။ ဗုံးကွဲပြီးတော့ စစ်ကောင်စီက လူတွေက သေနတ်တွေနဲ့ ပစ်ခတ်တာရှိတယ်။ တော်လှန်ရေးအဖွဲ့တွေ အထိအခိုက်မရှိဘူး။” လို့ ပြောပါတယ်။
နှစ်တွေကုန်ဆုံးသွားပေမဲ့ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်လာရေး တော်လှန်ရေးရဲဘော်တွေက သွေးမအေးပဲတော်လှန်ရေး အောင်မြင်ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD)က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို People's Army To Fight Dictatorship(PAFD).တပ်ခွဲ DK PDF(MMU)၊ People's Knight Defense Force Myinmu (PKDF-MMU) ၊ TAUNGTHA People Defense Force(TTAPDF) ၊ D.B.B.F- MMU စတဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။