close

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ရုရှား၊ ပါကစ္စတန်၊ တောင်ကိုရီးယားဝန်ကြီးများနှင့် ဖုန်းဆက် ဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်၊ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ် ဘူတို ဇာဒါရီ၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဂျင်း တို့နဲ့ ဇန်နဝါရီ ၉ ရက်က ဖုန်းနဲ့ဆက်သွယ် ဆွေးနွေးခဲ့ကြပါတယ်။

ခေတ်သစ်အတွက် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဘက် ပူးပေါင်းဆောင်ရွက်မှုဟာ အဆင့်မြင့်မားတဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ဖလှယ်မှုနဲ့ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် ထိန်းသိမ်းထားပြီး အပြန်အလှန် ချစ်ကြည်ရေးအပေါ် ပံ့ပိုးကူညီမှုတွေကို ‌ရေရှည်ခိုင်မာစေခဲ့တယ်လို့   တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်က ပြောပါတယ်။

တရုတ်-ရုရှား ဆက်ဆံရေးဟာ ဘက်မလိုက်၊ ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်တဲ့မူကို အခြေခံပြီး နိုင်ငံခေါင်းဆောင်တွေရဲ့ အရေးကြီးတဲ့ သဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံနဲ့ ရုရှား လက်တွဲလုပ်ဆောင်ဖို့ အသင့်ရှိတယ်လို့လည်း ချင်က ပြောပါတယ်။

တရုတ်နဲ့ ပါကစ္စတန်တို့ဟာ အထူး ချစ်ကြည်ရင်းနှီးမှုနဲ့ အဆင့်မြင့် အပြန်အလှန်ယုံကြည်မှုကို ရရှိထားကြတယ်လို့ ဖုန်းဆက်ဆွေးနွေးချိန်မှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးကို ချင်က ပြောခဲ့ပါတယ်။

တရုတ်နှစ်သစ်ကူး နီးကပ်လာတာနဲ့အမျှ ပါကစ္စတန်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အထူးဂရုပြုပြီး ပါကစ္စတန်ရဲ့ လုံခြုံရေးအစီအမံတွေကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားဖို့ တရုတ်နိုင်ငံက မျှော်လင့်ထားတယ်လို့ ချင်က အလေးအနက် ပြောခဲ့ပါတယ်။

တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ စကားပြောရာမှာတော့ တရုတ်နဲ့ တောင်ကိုရီးယားဟာ အမြဲတစေ နီးနီးကပ်ကပ် နေထိုင်ကြရင်း ခွဲထွက်လို့မရတဲ့ မိတ်ဘက်တွေဖြစ်ကြပြီး တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးရဲ့ ခိုင်မာတည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားကို ဖော်ဆောင်ပေးနေတယ်လို့ ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံကလာတဲ့ လူတွေအပေါ် တောင်ကိုရီးယားက မကြာသေးမီက ယာယီကန့်သတ်ချက်တွေ ချမှတ်တဲ့အပေါ် စိုးရိမ်ကြောင်း ချင်က ထုတ်ဖော် ပြောကြားပါတယ်။

ရုရှား၊ ပါကစ္စတန်နဲ့ တောင်ကိုရီးယားဝန်ကြီး နိုင်ငံခြားရေးဝန်ကြီး သုံးဦးဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းကို ချီးကျူးဂုဏ်ပြုရင်း တရုတ်ပြည်သူတွေအတွက် နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up