close

မင်းပြား၌ နေအိမ် ၃ လုံး မီးလောင်ပြီး ကျပ်သိန်း ၆၀ ခန့်ဆုံးရှုံး

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်ကျေးရွာမှာ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီလောက်က  နေအိမ် ၃ လုံး မီးကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၆၀ ခန့် ဆုံးရှုံးခဲ့ကြောင်း မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

“ပေါ့ဆမီးပါ။ မီးဖို မီးကြွင်းမီးကျန်ကတဆင့် အနီးရှိ ဝါးထရံကို မီးကူးစက်လောင်ကျွမ်းတာ။ မီးသတ်ကားတစီးနဲ့ သန္ဓေတပ်ဖွဲ့ဝင် ၇ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး သွားရောက် မီးငြှိမ်းသတ်ခဲ့ရတယ်။ ရွာက ၄ မိုင်နီးပါးဝေးတော့ နေအိမ် ၃ လုံး ဆုံးရှုံးသွားတယ်။ နောက်နေအိမ်တွေ မီးမကူးစက်အောင်တော့ တားဆီးနိုင်ခဲ့ပါတယ်။”

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဆင်ကြီးပြင်ကျေးရွာဟာ မင်းပြားမြို့နဲ့ ၃ မိုင် ၆ ဖာလုံလောက် ဝေးတာကြောင့် မီးသတ်ကား အချိန်မီမရောက်နိုင်ခဲ့ဘူးလို့ ဆင်ကြီးပြင်ကျေးရွာသားတဦးက ပြောပါတယ်။

“မင်းပြားမြို့နဲ့ ကျနော်တို့ရွာက ၃ မိုင်ကျော် ၄ မိုင်နီးပါး ဝေးတယ်။ အဲ့ဒါကြောင့် မီးသတ်တပ်ဖွဲ့တွေ အချိန်မီ မရောက်နိုင်ခဲ့ကြဘူး။ ဒါပေမဲ့ နောက်အိမ်တွေကို မီးမကူးစက်အောင်တော့ တားဆီးနိုင်ခဲ့ကြပါတယ်။”

မီးစတင်လောင်ကျွမ်းတဲ့ နေအိမ်ဟာ ဆင်ကြီးပြင်ကျေးရွာမှ ဒူဒုရာ (၂၈ နှစ်)၊ (ဘ) မာမွတ်ဒူရာ နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် စတင်လောင်ကျွမ်းခဲ့တာပါ။

မီးလောင်မှုကြောင့် လူ တိရစ္ဆာန် ထိခိုက်မှုမရှိပေမဲ့ အနီးရှိ နေအိမ် ၃ အိမ် မီးကူးစက်လောင်ကျွမ်းခဲ့တဲ့အတွက် ကာလတန်ဖိုး ကျပ်သိန်း ၆၀ ခန့် ဆုံးရှုံးခဲ့ရပြီး မီးဘေးဒုက္ခသည် ၁၈ ဦးကို နီးစပ်ရာ ဆွေမျိုးတွေနေအိမ်မှာ ယာယီနေရာချပေးကာ မီးပေါ့ဆစွာသုံးစွဲသူ ဒူဒုရာကို ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူထားတယ်လို့ မင်းပြားမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up