close

သြစတြေးလျက Black Hawk စစ်ရဟတ်ယာဉ် အစီး ၄၀ အမေရိကန်ထံမှ ဝယ်ယူမည်

သြစတြေးလျနိုင်ငံဟာ အမေရိကန်ကနေ Black Hawk စစ်ရဟတ်ယာဉ် အစီး ၄၀ ကို ခန့်မှန်းခြေ ဩစတြေးလျဒေါ်လာ ၂ ဒသမ ၈ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၉၆ ဘီလီယံ) နဲ့ ဝယ်ယူမှာဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်မှာ အတည်ပြုလိုက်ပါတယ်။

လော့ခ်ဟိဒ်မာတင်ကော်ပိုရေးရှင်းထုတ် Black Hawk ရဟတ်ယာဉ်တွေဟာ နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းရေး ပြဿနာတွေနဲ့ လုံးပန်းနေရတဲ့ ဩစတြေးလျစစ်တပ်ရဲ့ အင်ဂျင် နှစ်လုံးတပ် စစ်တပ်သုံး ရဟတ်ယာဉ်အုပ်စုနေရာမှာ အစားထိုးသွားမှာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်အသစ်တွေကို အခုနှစ်မှာ စတင်ပို့ဆောင်မှာပါ။ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ဟာ သူ့ရဲ့တည်ရှိမှုကို မြှင့်တင်ဖို့ ကြိုးစားနေတာကြောင့် သြစတြေးလျကလည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ့ရဲ့ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်နေတာ ဖြစ်ပါတယ်။

နိုင်ငံတွေကြား ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်သင့်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ဘင်က ဩစတြေးလျရဲ့ စစ်ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်လို့ ပေကျင်း ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up