close

ပီရူးသမ္မတ နုတ်ထွက်ရန် ပြည်သူများ တောင်းဆိုဆန္ဒပြ

ပီရူးပြည်သူတွေဟာ ဇန်နဝါရီ ၁၇ ရက်က အဖြူရောင်တွေဝတ်ဆင်ပြီး နိုင်ငံမှာ ငြိမ်းချမ်းရေးကို တောင်းဆိုနေချိန်မှာ လီမာမြို့တော်မှာတော့ သမ္မတသစ် ဒီနာဘိုလူအာတာ နုတ်ထွက်ပေးရေး တောင်းဆိုနေတဲ့ ဆန္ဒပြပြည်သူတွေကို ရဲတပ်ဖွဲ့က လူစုခွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ပီရူးအလံရဲ့ အရောင်တွေအတိုင်း ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူတွေဟာ ရဲတွေဘက်ကို မျက်ရည်ယိုဗုံးတွေ ပြန်ပစ်နေကြပြီး အနည်းဆုံး လူတယောက် ဓာတ်ငွေ့ကြောင့် ထိခိုက်ခဲ့တာကို ရိုက်တာရုပ်သံသတင်းမှာ မြင်တွေ့ရပါတယ်။

“ကျနော်တို့ဟာ အာဏာရှင်အစိုးရအောက် ရောက်နေတယ်လို့ ခံစားနေရတာကြောင့် ကျနော်တို့နိုင်ငံကို ခုခံကာကွယ်ဖို့ လီမာကိုလာပြီး ပါဝင်ခဲ့တာ”လို့ လီမာမြို့တော်ကို လာရောက်ခဲ့တဲ့ ဆန္ဒပြသူတဦးကပြောပါတယ်။

ပီရူးနိုင်ငံရဲ့ နယ်မြေအသီးသီးက ဆန္ဒပြသူတွေလည်း သမ္မတသစ် နုတ်ထွက်ပေးရေးကို တောင်းဆိုဖို့ လီမာမြို့ကို အရောက်လာခဲ့ကြပြီး သမ္မတ ဒီနာကလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေဟာ အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်ခံရသူတွေဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

လက်ဝဲဝါဒီ သမ္မတဟောင်း ပီဒရိုကတ်စတီလိုဟာ ကွန်ဂရက်လွှတ်တော်ကို ဖျက်သိမ်းဖို့ တရားမဝင် ကြိုးစားခဲ့မှုနဲ့  ရာထူးကနေ ဖယ်ရှားခံရပြီး ယာယီဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

ဒီနောက် သူ့ကိုထောက်ခံသူတွေက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူတွေဟာ သမ္မတသစ် ဒီနာ ရာထူးကနေဆင်းပေးဖို့၊ ရွေးကောက်ပွဲတွေ စောစောကျင်းပဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲဖို့နဲ့ လွှတ်တော်ဖျက်သိမ်းဖို့ စတာတွေ တောင်းဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up