close

ဖြူးမြို့နယ် စိုက်ပျိုးရေးဘဏ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဝန်ထမ်း ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် လယ်ယာစိုက်ပျိုးရေးဘဏ်ကို မနေ့ ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီလောက်မှာ ပြတင်းပေါက်ကနေ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ Non CDM ဘဏ်ဝန်ထမ်း အမျိုးသမီးတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပ.က.ဖ အဖွဲ့ထံက သိရပါတယ်။

မြို့နယ်ထဲက တောင်သူလယ်သမားတွေ စီးပွားရေး ကျပ်တည်းနေတဲ့အချိန်မှာ စိုက်ပျိုးရေးဘဏ်ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို ခြိမ်းခြောက်တောင်းခံနေတာကြောင့် ပထမအကြိမ် သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာလို့  ဖြူးမြို့နယ် ပ.က.ဖ တာဝန်ခံ ဗိုလ်ထိန်လင်းက ဒီဗွီဘီကိုပြောပါတယ်။

“အဲဒီဘက်ဝန်ထမ်းတွေအနေနဲ့ စီးပွားရေးအကျပ်အတည်း ဖြစ်နေတဲ့ တောင်သူလယ်သမားတွေဆီကနေ ချေးငွေတွေကို ဆက်လက်ပြီး အတင်းအဓမ္မ ခြိမ်းခြောက် တောင်းခံတာတွေ ပြုလုပ်ပါက ထပ်မံတိုက်ခိုက်သွားမယ်။”

အခုအချိန်ဟာ ပြည်သူတရပ်လုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာဖြစ်သလို ဖြူးမြို့နယ်ထဲမှာ လောင်းကစားဝိုင်းတွေ ပြုလုပ်နေကြတယ်လို့ သတင်းရထားပြီး အရေးယူသွားမှာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ အဲဒီလောင်းကစားဝိုင်းတွေကို မပြုလုပ် မသွားလာကြဖို့ကိုလည်း သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up