close

မကွေးတိုင်းတွင် စစ်ကောင်စီထောက်ခံသူများကို ကျောက်စရစ်လုပ်ကွက်များချပေး

မကွေးတိုင်းမှာ စစ်ကောင်စီက တပ်ထောက်ခံသူတွေကို ကျောက်စရစ်လုပ်ကွက်တွေ အများအပြားချပေးပြီး အခွန်တွေတိုးမြှင့်လိုက်လို့ ပြည်သူတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သရက်ခရိုင်၊ မင်းလှမြို့နယ်ထဲမှာ အန်အယ်လ်ဒီ ပြည်သူ့အစိုးရလက်ထက်က ကျောက်စရစ်လုပ်ကွက် ၁၀ ကွက်ချပေးပြီး အမှန်တကယ် အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံပြည်သူတွေကို ဦးစားပေး ချထားခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီး တနှစ်အတွင်းမှာ လုပ်ကွက် ၉ ကွက် ထပ်တိုးခဲ့တယ်လို့ မင်းလှမြို့နယ်က ကျောက်စရစ်လုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

အခွန်နှုန်းထားတွေလည်း မြင့်တက်သွားပြီး အရင်အန်အယ်လ်ဒီအစိုးရက ကျောက်စရစ်တကျင်းကို ၂,၅၀၀ ကျပ်နှုန်းနဲ့ တနှစ်အတွက် ကျင်း ၂၀ စာ သိန်း ၅၀ သာ ကောက်ခံခဲ့ပေမဲ့ အာဏာသိမ်းစစ်ကောင်စီက ကျောက်စရစ်တကျင်းကို ၃,၀၀၀ ကျပ်နှုန်းနဲ့ တနှစ်ကို ကျင်းပေါင်း ၅,၀၀၀ ဖိုး ကျပ်သိန်း ၁၅၀ ကို မြို့နယ်ထွေအုပ်မှာ အခွန်အခ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

“စစ်(...)တွေ အာဏာထပ်ယူထားတဲ့ ဒုတိယနှစ်အတွင်းမှာလည်း လုပ်ကွက်အသစ် ၁၂ ကွက် ထပ်တိုးလာပြီး စစ်ကောင်စီတပ်နဲ့ ဆက်စပ်တဲ့သူတွေကို နေရာကောင်းတွေ ပေးထားတာကြောင့် ဒေသခံလုပ်ငန်းရှင်တွေ များစွာ ထိခိုက်နစ်နာကြရတယ်။ အသစ်ချပေးတဲ့ လုပ်ကွက်တွေဟာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းသူတွေဖြစ်သလို သရက်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ ပူးပေါင်း ကျောက်စရစ်လုပ်ကွက်၊ ရေနံလုပ်ကွက်တွေကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတယ်။”

ကျောက်စရစ်လုပ်ငန်းကို မင်းလှမြို့နယ်၊ အောင်လံမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်နဲ့ မကွေးမြို့နယ် မီးကျောင်းရဲတိုက်နယ်အတွင်းမှာ အဓိကလုပ်ကိုင်နေကြပြီး အာဏာသိမ်းစစ်ကောင်စီနဲ့ ပူးပေါင်းတဲ့သူတွေက သူတို့စိတ်ကြိုက် ခြယ်လှယ်နေတာကြောင့် ဒေသခံပြည်သူတွေ အခက်ကြုံနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up