အက်ဖ်အေဖလားမှ ထွက်ခဲ့ရသည့်အပေါ် ခံစစ်ပိုင်းကို လီဗာပူးနည်းပြ အပြစ်တင်

အက်ဖ်အေဖလားမှာ ဘရိုက်တန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ခံစစ်ပိုင်းစွမ်းဆောင်ရည်ကို နည်းပြ ကလော့ပ်က အပြစ်တင်သွားပါတယ်။
လီဗာပူးအသင်းဟာ ဘရိုက်တန်ကို အီလီယော့ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒမ့်နဲ့ ပွဲပြီးခါနီးမှာ မီတိုမာတို့က ဘရိုက်တန်အတွက် ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်း ယူနိုင်ခဲ့တာပါ။
ပွဲအပြီးမှာတော့ ပေးလိုက်ရတဲ့ ဂိုးတွေက တည်ကန်ဘောတွေကနေ တဆင့် ပေးလိုက်ရတာဖြစ်ပြီး မဖြစ်သင့်တဲ့ အခြေအနေတွေဖြစ်ကြောင်း၊ ရော်ဘတ်ဆန်ရဲ့ ဘယ်ခြမ်းက အဆင်ပြေပေမယ့် အာနိုးလ်ရဲ့ညာခြမ်းက ကူညီမှုမရခဲ့ကြောင်း ကလော့ပ်ကပြောပါတယ်။
ဘရိုက်တန်တိုက်စစ်ကစားသမား မီတိုမာကိုလည်း ကလော့ပ်ကချီးကျူးခဲ့ပြီး ထိန်းချုပ်ဖို့ခက်ခဲခဲ့ ကြောင်း၊ ဒါပေမဲ့ သွင်းဂိုး ၂ ဂိုးစလုံးမှာ လီဗာပူးခံစစ်က အခုထက်ကောင်းမွန်ခဲ့သင့်ကြောင်း နည်းပြကလော့ပ်ကပြောပါတယ်။
လီဗာပူးအသင်းဟာ အမာခံ ခံစစ်မှူးဗန်ဒိုက်က ဒဏ်ရာအခြေအနေကြောင့် ပါဝင်နိုင်ခြင်းမရှိသလို ဖေမီနို၊ ဒီယက်ဇ်၊ ဂျိုတာတို့လိုတိုက်စစ်မှူးတွေဟာလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။