ပါကစ္စတန်တွင် လှေတစင်း ရေကန်တွင်း နစ်မြုပ်ပြီး ကျောင်းသား ၁၀ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း၊ ခေဘာပတ်တွန်ခွာပြည်နယ်က တန်ဒါဒမ်ရေကန်မှာ ဘာသာရေးကျောင်းတကျောင်းက ကျောင်းသားတွေကို တင်ဆောင်လာတဲ့ လှေတစ်စင်း ဇန်နဝါရီ ၂၉ ရက်က နစ်မြုပ်ခဲ့လို့ ကလေးငယ် ၁၀ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေနစ်သွားတဲ့ကလေးငယ်တွေကို အရေးပေါ် ရှာဖွေကယ်ဆယ်နေကြပြီး ကြည့်ရှုသူတွေကလည်း ရေကန်ရဲ့ကမ်းစပ်မှာ စုရုံးနေကြပါတယ်။
ကျောင်းသူ ရှစ်ဦးလောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဒဏ်ရာရသူ ခုနစ်ဦး ကို ဆေးရုံ ပို့ထားတယ်လို့ ခိုင်ဘာ ပက္ကတွန်ခဝါခရိုင် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသန္တရ ဘာသာရေးကျောင်းက ကျောင်းသား အယောက် ၅၀ လောက်ဟာ တန်ဒါကန်နားမှာ ပျော်ပွဲစားထွက်ဖို့ စုဝေးခဲ့ကြတယ်လို့ ခရိုင်ကော်မရှင်နာ မာမွတ် အစ္စလမ်က ပြောခဲ့ပါတယ်။
အာဏာပိုင်တွေက အပန်းဖြေခရီးတွေ သွားလာခွင့် ပိတ်ပင်ထားတဲ့ ကန်ထဲ နစ်မြုပ်ခဲ့တဲ့ လှေပေါ်မှာ လူ ၂၅ ဦးဟာ လှေတစီးတည်းနဲ့ စွန့်စား စီးနင်းခဲ့ကြတယ်လို့ သူက ဆက်ပြောခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသားတွေဟာ အသက် ၇ နှစ်ကနေ ၁၂ နှစ်ကြား အရွယ်တွေ ဖြစ်တယ်လို့ ကော်မရှင်နာက မျှဝေတဲ့ စာရင်းအရ သိရပါတယ်။