လီဗာပူးဆီ ဂတ်ပို ပြောင်းရွှေ့ခဲ့မှု အချိန်စောနေသေးကြောင်း ရော်နယ်ကိုးမန်း သုံးသပ်

ဟော်လန်တိုက်စစ်မှူး ဂတ်ပို အနေနဲ့ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့တာဟာ အချိန်စောနေသေးကြောင်း နည်းပြ ရော်နယ်ကိုးမန်းက ပြောပါတယ်။
အသက် ၂၃ နှစ်ရှိ တိုက်စစ်မှူး ဂတ်ပိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် လီဗာပူးအသင်းက ခေါ်ယူခဲ့တာပါ။
ဂတ်ပိုဟာ လီဗာပူးနဲ့ ပြိုင်ပွဲစုံ ၆ ပွဲ ကစားအပြီးမှာ ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ ဝေဖန်ခံနေရတာပါ။ ဂတ်ပိုလို လူငယ်တိုက်စစ်မှူးတဦးအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ခက်ခဲကြမ်းတမ်းနေမှာဖြစ်ပြီး အသက် ၂၈ နှစ်ခန့်အရွယ်၊ အတွေ့အကြုံရှိတဲ့ ကစားသမား ဆိုရင်သာ အဆင်ပြေနိုင်ကြောင်း ဟော်လန်နည်းပြ ကိုးမန်းက ပြောပါတယ်။
ဂိုးလည်းမသွင်းနိုင်၊ အသင်းကလည်း ရှုံးပွဲတွေ့နေချိန်တွေဟာ လူငယ်ကစားသမားတွေ အလွန်ခက်ခဲတဲ့အချိန်ဖြစ်ကြောင်း၊ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အဆင့်အတန်းက ဟော်လန်လိဂ်ထက် ပိုပြီးမြင့်မားကြောင်း နည်းပြ ရော်နယ်ကိုးမန်းက ပြောသွားပါတယ်။
ဂတ်ပိုဟာ လီဗာပူးဆီ မပြောင်းရွှေ့ခင်က ပီအက်စ်ဗွီနဲ့ ၁၄ ပွဲမှာ ၉ ဂိုးသွင်းပြီး ၁၂ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။