close

ဒဏ်ရာရ တိုက်စစ်မှူးဟာလန်း အာဆင်နယ်နှင့်ပွဲတွင် ကစားနိုင်ရန် မသေချာ

ဗီလာအသင်းကိုအနိုင်ရတဲ့ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တဲ့ ဟာလန်းဟာ အာဆင်နယ်နဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာတော့ပါဘူး။

ဟာလန်းဟာ ပထမပိုင်းမှာကတည်းက ပေါင်ခြံဒဏ်ရာရခဲ့လို့ ဒုတိယပိုင်းဆက်မကစားနိုင်တော့ဘဲ ပွဲချိန် ၄၆မိနစ်မှာ လူစားလဲခဲ့ရတာပါ။

ဟာလန်းဟာ ဒဏ်ရာ မရရှိခင်မှာ ဂွမ်ဒိုဂမ်ရဲ့ သွင်းဂိုးအတွက် ဖန်တီးမှုတစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်နဲ့ ပွဲကစားရမှာဖြစ်ပြီး ဟာလန်းမပါဝင်နိုင်ဘူးဆိုရင် တိုက်စစ်ပိုင်းအားနည်းချက်တွေ ရှိလာနိုင်တာပါ။

နည်းပြဂွာဒီယိုလာကတော့ ဟာလန်းအနေနဲ့ ပေါင်ခြံဒဏ်ရာကြောင့် ဆက်ကစားဖို့ အဆင်မပြေဖြစ်ခဲ့လို့ လူစားလဲခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေကို စစ်ဆေးသွားရဦးမှာဖြစ်တယ်လို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ် ၂၁ ပွဲမှာ ၂၅ ဂိုးသွင်းပြီး ဂိုးအများဆုံးစာရင်းမှာ ဦးဆောင်နေသူဖြစ်ပါတယ်။

Up