close

တရုတ်နိုင်ငံတွင် Marvel ရုပ်ရှင်များပြန်လည် ပြသခွင့်ရ

တရုတ်နိုင်ငံမှာ ရုပ်ရှင်အုပ်ချုပ်ရေးအဖွဲ့ (CFA) က ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းကစပြီး   Marvel ရုပ်ရှင်တွေကို ပြသခွင့်ပိတ်ထားခဲ့ပေမဲ့ ၃ နှစ်ခွဲလောက်အကြာ အခုနှစ် ဖေဖော်ဝါရီလမှာတော့ ပြန်လည်ပြသခွင့်ပြုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်  တရုတ်နိုင်ငံမှာ Black Panther: Wakanda Forever ရုပ်ရှင် ကို ရုံတင်ပြသခဲ့ပြီး ၊ ဖေဖော်ဝါရီ ၁၇ ရက်မှာတော့ Ant-Man and the Wasp: Quantumania  ရုပ်ရှင်ကို ရုံတင်ပြသခဲ့ပါတယ်။

၂၀၁၉ ခုနှစ် တရုတ်နိုင်ငံမှာ နောက်ဆုံးပြသခဲ့တဲ့ ရုပ်ရှင်ကတော့  Spiderman: Far from Home ဖြစ်ပြီး ဒေသတွင်းရုပ်ရှင်လုပ်ငန်းတွေကိုကာကွယ်ဖိုနဲ့ ဆင်ဆာထိန်းသိမ်းဖို့ဆိုပြီး နိုင်ငံခြားရုပ်ရှင်ပြသခွင့်ကို ၃ နှစ် ကျော် အထိ CFA က ပိတ်ထားခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် တရုတ်ပြည်မှာပြသခဲ့တဲ့ Black Panther  ပထမရုပ်ရှင်ကားကတော့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်၊ Ant Man ရုပ်ရှင်ကားကတော့ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော် အသီးသီးရရှိခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံမှာ ဟောလိဝုဒ်ရုပ်ရှင်နဲ့ပတ်သက်ပြီး ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း ရိုက်ကူးထားတဲ့ Avatar The Way of Water ရုပ်ရှင်ကို တရုတ်နှစ်သစ်ကူးအားလပ်ရက်မှာ ဒေသတွင်းကြည့်ရှုဖို့ ခွင့်ပြုခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၂၀ ဝင်ငွေရရှိခဲ့တယ်လို ရုပ်ရှင်ရုံမှတ်တမ်းအရသိရပါတယ်။

တရုတ်အာဏာပိုင်တွေအနေနဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ခရီးသွားလာမှုတွေကိုလည်း ခွင့်ပြုပေးနေပါတယ်။

Up