နေတိုးအဖွဲ့မှ နုတ်ထွက်ရန် ဂျာမနီနိုင်ငံသားများ ဆန္ဒပြ

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ရာနဲ့ချီတဲ့ဆန္ဒပြသူတွေက ယူကရိန်းအတွက် လက်နက်တွေ ပို့ပေးနေတာကို ဆန့်ကျင်ပြီး နေတိုးအဖွဲ့ဝင်အဖြစ်ကနေလည်း နုတ်ထွတ်ဖို့ ဖေဖော်ဝါရီ ၁၈ ရက်က ဂျာမနီအစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြမှုအတွင်း လူဦးရေ ၁၀,၀၀၀ လောက် ပါဝင်ခဲ့တယ်လို့ မြူးနစ်ရဲတပ်ဖွဲ့ကဆိုပါတယ်။ မြူးနစ်မြို့မှာ ကျင်းပတဲ့ လုံခြုံရေးဆိုင်ရာညီလာခံပြင်ပမှာ ဆန္ဒပြတောင်းဆိုတာဖြစ်ပြီး နေတိုး အဖွဲ့အပါအဝင် အမေရိကန်နဲ့ လက်နက်ပို့ဆောင်မှုတွေအပေါ် ဒီလိုဆန့်ကျင်ဆန္ဒပြတာဟာ အရင်ကတည်းက အစဉ်အလာရှိခဲ့တာပါ။
တချို့ဆန္ဒပြ သူတွေကလည်း ဆီရီးယားသူပုန်တွေ ထိန်းချုပ်ထားတဲ့ ဒေသအလံတွေ ကိုင်ဆောင်ရင်း တူရကီအတွက် လက်နက်ရောင်းချမှုကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ရုရှားနဲ့ ယူကရိန်းအကြား ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုတဲ့အနေနဲ့ "ငါတို့ ငြိမ်းချမ်းရေး လိုချင်တယ်" ဆိုတဲ့ ကြွေးကြော်သံတွေအောက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူ တစ်ဦးက“ဒီစစ်ပွဲတွေ အဆုံးမသတ်သေးသရွေ့ လက်နက်တွေကို အမြဲထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်က ရိုးရှင်းပေမယ့် အရေးကြီးပါတယ်။ နေ့စဉ်နေ့တိုင်း လက်နက်တွေ ထောက်ပံ့ ပေးနေသမျှတော့ နှစ်ဖက်စလုံးက လူတွေ သေကြေကြရမှာဖြစ်တယ်”လို့ ပြောပါတယ်။
ဒီဆန္ဒပြပွဲကို စီစဉ်သူဟာ ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်တွေအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အုပ်စု တွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲခံထားရတယ်လို့လည်း မြူးနစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ တစ်ဖက်မှာ လည်း ယူကရိန်းအပေါ် ထောက်ခံရင်း လက်နက်ကြီးတွေ ပိုမိုပို့ဆောင်ပေးဖို့ တောင်းဆိုဆန္ဒပြမှု တွေလည်း အဲဒီတစ်ရက်တည်းမှာတင် ရှိခဲ့ပါတယ်။