လီဗာပူးကို ဂိုးပြတ်ရှုံးသည့်ပွဲက မန်ယူအသင်း အစစ်အမှန် မဟုတ်ဟု နည်းပြ တန်ဟတ်ဂ် ပြော

လီဗာပူးအသင်းကို ၇ ဂိုး ဂိုး မရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာဟာ မန်ယူအသင်းရဲ့ ခြေစွမ်းအစစ်အမှန် မဟုတ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဒီရလဒ်ဟာ မန်ယူအသင်းသမိုင်းတလျှောက် အဆိုးရွားဆုံး ဂိုးပြတ် ရှုံးပွဲတစ်ပွဲအဖြစ် မှတ်တမ်း ဝင်ခဲ့ပြီး လီဗာပူးအတွက်လည်း မန်ယူအသင်းအပေါ် ဂိုးအပြတ်ဆုံးနိုင်ပွဲရ ခဲ့တာပါ။
နည်းပြတန်ဟတ်ကတော့ မန်ယူအသင်းရဲ့ အစစ်အမှန်ခြေစွမ်းကို မြင်တွေ့ရခြင်း မရှိခဲ့သလို ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်အမှားတွေကိုလည်း ထောက်ပြဝေဖန်သွားခဲ့ပါတယ်။
“ရလဒ်က အံ့အားသင့်စရာဖြစ်ခဲ့ရတယ်။ ဒီလို ခြေစွမ်းအဆင့်အတန်းမျိုး ကျနော် မမြင်ခဲ့ရဖူးပါဘူး။ ဒါဟာ ကျနော်တို့ အသင်းမဟုတ်ပါဘူး။ ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်း မဟုတ်ခဲ့ပါဘူး”လို့ နည်းပြ တန်ဟတ်ဂ်က ပြောပါတယ်။
ပထမပိုင်းမှာ အကောင်းဆုံးကစားနိုင်ခဲ့ပေမယ့် ဒုတိယဂိုးနဲ့ တတိယဂိုးတွေ ပေးလိုက်ရတဲ့ပုံစံဟာ စိတ်ပျက်စရာကောင်းသလို ကစားသမားမပီသတဲ့ အပြုအမူတွေကနေ ဂိုးတွေ ပေးလိုက်ရတာ ဖြစ်ကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ပွဲအပြီးမှာပြောခဲ့ပါတယ်။