ပထမဆုံးနိုင်ပွဲရခဲ့သဖြင့် အသင်းသားများ စိတ်ကြိုက်ပျော်ရွှင်ရန် လမ်းပတ် တိုက်တွန်း

93
ဘုန်းမောက်နဲ့ပွဲမှာ တကျော့ပြန် ချဲလ်ဆီးနည်းပြဘ၀ ပထမဆုံးနိုင်ပွဲရခဲ့တဲ့အပေါ်မှာ ကစားသမား တွေအနေနဲ့ စိတ်ကြိုက်ပျော်ရွှင်သင့်ကြောင်း နည်းပြ လမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ နည်းပြလမ်းပတ်တာဝန်ယူခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်ကနေ စတင်ပြီး ဘုန်းမောက်နဲ့ ပွဲမတိုင်ခင်အထိ ခြောက်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။
ဘုန်းမောက်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက်မှာတော့ အဲဒီလို နိုင်ပွဲအရသာကို မခံစားရတာ အတော်အသင့်ကြာနေပြီဖြစ်လို့ ကစားသမားတွေအနေနဲ့ စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်အောင်ပွဲခံသင့်ကြောင့် နည်းပြ လမ်းပတ်က တိုက်တွန်းခဲ့တာပါ။
ဒီနိုင်ပွဲဟာ ရှေ့ဆက်လျှောက်ဖို့အတွက် သေးငယ်တဲ့ခြေလှမ်းတစ်ခုဖြစ်ပြီး ရာသီကုန်တဲ့အထိ နိုင်ပွဲတွေ ရယူနိုင်ဖို့ အရေးကြီးကြောင်း နည်းပြလမ်းပတ်က ပြောပါတယ်။