close

ကိုဗစ်-၁၉ ကြောင့် ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲ ရွှေ့ဆိုင်း

ဗီယက်နမ်နိုင်ငံမှာ အခုနှစ်ကုန်ပိုင်း ကျင်းပဖို့ရှိတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) ကို ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မကျင်းပဖြစ်တော့ဘဲ  ရွေ့ဆိုင်းလိုက်ပြီး ၂၀၂၂ ခုနှစ်ကျမှာ ကျင်းပဖွယ်ရှိတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ရေးပါတယ်။ 

ဒီနှစ် နိုဝင်ဘာမှာကျင်းပဖို့ စီစဉ်ထားတဲ့ ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ကျင်းပမှမဟုတ် ကြောင်း၊ ပြိုင်ပွဲကို လာမယ့် ၂၀၂၂ ခုနှစ်အထိ ဗီယက်နမ်က ဆိုင်းငံ့ထားချင်ပြီး လာမယ့်နှစ် ဧပြီနဲ့ မေလလောက်မှ ကျင်းပဖို့ အဆိုပြုထားတယ်လို့     ပြိုင်ပွဲကျင်းပရေး ကောင်စီဝင် ထိုင်းအိုလံပစ်ကော်မတီ လက်ထောက်အတွင်းရေးမှူး ဝါလင်တန်ဆူဖာသီရိက ပြောပါတယ်။ 

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမြို့မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သတင်း ၂ ပတ်ကြာ လော့ဒေါင်းလုပ်မယ်လို့ မနေ့က ကြေညာပြီးနောက်မှာ  ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။  လက်ရှိ ဗီယက်နမ်မှာ  လူပေါင်း ၂၃၅၀၀ လောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရပြီး သေဆုံးသူ ၁၀၅ ဦးရှိသွားပြီဖြစ်ပါတယ်။

၃၁ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဟနွိုင်းမြို့အပါအဝင် မြို့ကြီး ၁၂ မြို့မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။

 ဒီပြိုင်ပွဲမှာ အားကစားနည်း ၄၀ ယှဉ်ပြိုင်မယ့်အထဲက   မြန်မာနိုင်ငံအနေနဲ့ အားကစားနည်း ၁၈ နည်းသာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Photo- AFP

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up