ထိုင်ဝမ်နှင့် လစ်သူယေးနီးယားဆက်ဆံရေးအပေါ် စွက်ဖက်မှုများကို အမေရိကန် ပယ်ချ

ထိုင်ဝမ်နဲ့ လစ်သူယေးနီးယားရဲ့ဆက်ဆံရေးမှာ တခြားနိုင်ငံတွေရဲ့ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုကို အမေရိကန်က ပယ်ချခဲ့ကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အူဇယာဇီယာက နိုဝင်ဘာ ၁၉ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လစ်သူယေးနီးယားက ထိုင်ဝမ်ကို ဘက်ပြောင်း သံရုံးဖွင့်ခွင့်ပြုပြီးနောက်မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်တဲ့အစီအမံအားလုံးကို အသုံးပြုသွားမှာဖြစ်တယ်လို့ သောကြာနေ့အစောပိုင်းမှာ တရုတ်က လစ်သူယေးနီးယားကို သတိပေးခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်မယ့် လစ်သူယေးနီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆုံးဖြတ်ချက်မှာ တခြားနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကိုပယ်ချကြောင်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဂါဘရီအဲလီဆက် လန်စ်ဘာဂိစ်နဲ့ တွေ့ဆုံအပြီးမှာ ပြောကြားခဲ့တာပါ။
“ကျနော်တို့ တန်ဖိုးထားရတဲ့ နေတိုးမိတ်ဖက်နဲ့ အီးယူမဟာမိတ်နိုင်ငံဖြစ်တဲ့ လစ်သူယေးနီးယား အတွက် ကျနော်တို့ရဲ့ထောက်ခံမှုကို ထပ်မံအတည်ပြုပါတယ်” လို့လည်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး အူဇယာဇီယာက ပြောသွားပါတယ်။