close

တရုတ်အာကာသယာဉ်မှူးများနှင့် ကျောင်းသားများ ၂၀၂၂ နှစ်သစ် စကားစမြည် ပြော

တရုတ်အာကာသယာဉ်စခန်းမှ ယာဉ်မှူးသုံးဦးနဲ့ ပေကျင်း၊ မကာအို၊ ဟောင်ကောင်တို့က ကျောင်းသားတွေ ၂၀၂၂ နှစ်သစ်အတွက် စကားစမြည်ပြောတဲ့အစီအစဉ်ကို တရုတ် နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။

ကျောင်းသားတွေက တင်ဂွန် (Tiangong) အာကာသစခန်းထဲမှာ နေထိုင်ရတာ ဘာအခက်ခဲဆုံးလဲလို့ မေးပါတယ်။ အာကာသယာဉ်မှူးတွေက သူတို့ရဲ့  ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ကြံ့ခိုင်အောင် သတိရှိရှိ ကြိုးစားနေရတာ အခက်ဆုံးပါလို့ ဖြေပါတယ်။

အာကာသယာဉ်မှူး ချီရှီဂန်က ကမ္ဘာ့ဆွဲအား သုညအောက်မှာ နေထိုင်ရတာ ကြွက်သားတွေ အားနည်းပြီး၊ အရိုးထဲက ကယ်လ်ဆီယမ် ဆုံးရှုံးကုန်တယ်။ နောက်ပြီး အခန်းကျဉ်းလေးထဲမှာ အကြာကြီးနေရတော့ အထီးကျန်ပြီး စိတ်ဖိအားတွေ ရှိလာတာကြောင့် အလုပ်လုပ်ရင်း စိတ်ကိုလေ့ကျင့်ယူရတယ်လို့ ပြောပါတယ်။

တင်ဂွန် အာကာသစခန်းဟာ တရုတ်အမျိုးသား အာကာသအေဂျင်စီ ((CNSA) ရဲ့ စီမံကိန်းခုဖြစ်ပြီး ကမ္ဘာ့အနီးက ပတ်လမ်းထဲ လူသားတွေ အချိန်ကြာကြာ နေထိုင်နိုင်စေဖို့ ရည်မှန်းချက်နဲ့ လုပ်နေတာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံကြီးတွေကြား ကမ္ဘာ့အပြင်ဘက် အာကာသပြိုင်ဆိုင်မှာ တရုတ်က အဓိက စိန်ခေါ်သူဖြစ်လာပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up