close

ဗြိတိန်ဘုရင်မကြီး၏ နန်းတက် နှစ် ၇၀ ပြည့် ဧည့်ခံပွဲ တော်ဝင်အိမ်ရာတွင် ကျင်းပ

ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ နန်းတက်ကာလ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့က လန်ဒန်မြို့အရှေ့ဘက် တော်ဝင်အိမ်ရာ Sandringham residence မှာ ကျင်းပပြီး ဒေသခံအဖွဲ့တွေကို ဖိတ်ကြားခဲ့ပါတယ်။ 

အသက် ၉၅ နှစ်ရှိ ဘုရင်မကြီးက ဒေသခံတစ်ဦး ဖုတ်ပေးတဲ့ မွေးနေ့ကိတ်ကို လှီးဖြတ်ခဲ့ပြီး ဂီတအဖွဲ့တဖွဲ့က ‘ဂုဏ်ယူပါတယ် ဘုရင်မကြီးရယ်’ သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။ 

ဒီနေ့ တနင်္ဂနွေနေ့မှာ ဘုရင်မကြီး နန်းမွေဆက်ခံခဲ့တဲ့ နှစ် ၇၀ ပြည့်နဲ့ ပထမဆုံး ဗြိတိသျှဘုရင်မင်းမြတ်ရဲ့ ပလက်တီနမ်နှစ်ပတ်လည် (platinum jubilee) အခမ်းအနားကို စည်ကားစွာ ကျင်းပမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up