မြောင်းမြတွင် ကိုဗစ်ပိုးတွေ့သူ ၃ ရက်အတွင်း ၃၀ ကျော်ထိရှိလာ




ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ အယောက် ၃၀ ကျော်ထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
မြောင်းမြမြို့အဝင် ကွယ်လွယ်စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၇ ရက်က လူ ၂၀၀ ကျော်ကို စစ်ခဲ့ရာမှာ လူ ၁၈ ယောက်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ ဒေသခံကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
“ အဓိက ရန်ကုန်အပြန်တွေမှာတွေ့တာ မနေ့က တရက်တည်းမှာ ၁၈ ယောက်ရှိတယ်။ ဘာပဲပြောပြော မပေါ့ဆဖို့ အရင်လို Mask တပ်သွားလာဖို့ ပြောချင်တယ်”လို့ ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးတဲ့အခါ ရောဂါပိုးတွေ့ရှိတဲ့သူတွေထဲက ကာကွယ်ဆေးထိုးပြီးသား လက်မှတ်ကိုင်ဆောင်လာတဲ့ သူတွေမှာပါ ကိုဗစ်ရောဂါပိုးတွေ့ရှိတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ကိုဗစ်ရောဂါပိုးတွေ့တဲ့ လူနာတွေကို မြောင်းမြပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပြီး ဆေးကုသပေး နေတယ်လို့ သိရပါတယ်။