အမေရိကန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးသူ ၉ သိန်းကျော်ရှိလာ

အမေရိကန်မှာ ဖေဖော်ဝါရီ ၄ ရက် က ကိုဗစ်-၁၉ ကပ်ရောဂါသင့် သေဆုံးသူ အယောက် ၉ သိန်း ပြည့်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်မှာတော့ ကူးစက်ခံ သေဆုံးသူဦးရေ စုစုပေါင်း ၉၀၆,၀၁၇ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၂ ရက်ကနေ ဖေဖော်ဝါရီ ၇ ရက်အတွင်း သေဆုံးသူ အယောက် ၁ သိန်းကျော် ပိုတိုးလာတာလည်း ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရဲ့ ပိုကူးစက်မြန်တဲ့ အိုမီခရွန် ဗီဇမျိုးကွဲကြောင့် ကူးစက်မှုနဲ့ ဆေးရုံတင်နှုန်း တိုးလာချိန်မှာ ခုလို သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ဒီစီက နေရှင်နယ် ခရစ်ယာန်ဘုရားကျောင်းကြီးမှာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှာ သေဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသား ၉ သိန်းကို အောက်မေ့သတိရတဲ့အနေနဲ့ ဖေဖော်ဝါရီ ၇ ရက်က ခေါင်းလောင်းတွေ တီးခတ်ခဲ့ပါတယ်။
အမေရိကန်မှာ ကပ်ရောဂါသင့် သေဆုံးသူ နောက်ထပ် အယောက် ၁ သိန်း ပြည့်တိုင်း နေရှင်နယ် ခရစ်ယာန်ဘုရားကျောင်းကြီးမှာ တကြိမ် ခေါင်းလောင်းတီးပါတယ်။
ဆုတောင်းပွဲတိုင်းမှာ လူအယောက် ၁ ထောင်တိုင်းအတွက် တမိနစ်ကို တကြိမ် ခေါင်းလောင်းတီးပါတယ်။
အကြိမ် ၉၀၀ ခေါင်းလောင်းတီးရလို့ အချိန် ၁ နာရီခွဲလောက် ကြာခဲ့တာပါ။ အဲဒီနေ့မှာပဲ ဖယောင်းတိုင်မီးထွန်းညှိ ကိုင်ဆောင်ပြီး သေဆုံးသူတွေကို အောက်မေ့သတိရတဲ့အနေနဲ့ တမိနစ် ငြိမ်သက်ဆုတောင်းပွဲကို လွှတ်တော်လှေကားတွေပေါ်မှာ အောက်လွှတ်တော်အတွင်း ဒီမိုကရက်ပါတီ ခေါင်းဆောင်တွေက ဦးဆောင် ဆုတောင်းခဲ့ပါတယ်။
အထက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီနဲ့ အထက်လွှတ်တော်လူများစု ခေါင်းဆောင် ချပ်ခ်ရှုးမားတို့လည်း အောက်လွှတ်တော် ခေါင်းဆောင်တွေနဲ့အတူ ပူးပေါင်းမယ်လို့ ပေလိုစီရဲ့ ရုံးက ပြောပါတယ်။