မြန်မာတွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းသူ ၄ သိန်းခွဲကျော် ရှိလာ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်အထိ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ ဦးရေ ၄၅၃,၀၀၀ ယောက်ထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။
နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်တဲ့ ဒေသတွေမှာ ခိုလှုံစရာနေရာ၊ အစားအစာ၊ သောက်သုံးရေနဲ့ ဆောင်းရာသီသုံးပစ္စည်းတွေ လုံလောက်စွာမရရှိနိုင်တာကြောင့် တချို့နေရပ်စွန့်ခွာသူတွေဟာ ရှမ်းပြည်နယ်ကနေ မူလနေထိုင်ရာဒေသဖြစ်တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း တိုက်ပွဲအနည်းငယ် ဖြစ်ပွားရာ ကယားပြည်နယ်ကို ပြန်သွားခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အနောက်မြောက်ဒေသမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူမိသားစုတွေ သိသိသာသာမြင့်တက်ခဲ့ပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းမှာ အရင်ရက်သတ္တပတ်တွေနဲ့ နှိုင်းယှဉ်ရင် နေရပ်စွန့်ခွာသူ လူဦးရေအသစ် ၁ သောင်းလောက် ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူအများအပြားဟာ ခိုလှုံစရာနေရာတွေ လိုအပ်နေပြီး အများစုကတော့ အနီးအနားတောတောင်တွေနဲ့ သစ်တောနေရာတွေမှာ ယာယီပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြားနဲ့ ကျောက် တော်မြို့နယ်တွေက ပြည်တွင်းနေရပ်စွန့်ခွာသူတွေ နေထိုင်ရာနေရာတွေ၊ ကျေးရွာတွေနဲ့ နေရပ်စွန့်ခွာသူတွေနေထိုင်ရာ စခန်းတွေက ကလေးငယ်တွေဟာ သန့်ရှင်းတဲ့ရေ မရရှိ တာကြောင့် ကာလဝမ်းရောဂါကူးစက်ခံရမှုတွေ ခံစားနေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတဝှမ်း ကိုဗစ်-၁၉ ကူးစက်ခံရသူတွေ မြင့်တက်နေပြီး ကယားပြည်နယ် လွိုင်ကော်မြို့က နေရပ်စွန့်ခွာနေထိုင်ရသူတွေ အပါအ၀င် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ ပြောင်းနေထိုင်နေရသူ အများအပြားဟာ ရောဂါကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေ ကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
