ဘိုလီးဗီးယားတွင် မိုးသည်းထန်၊ မြေပြိုမှုကြောင့် လူ ၂ ဦးထက်မနည်း သေဆုံး

4
ဘိုလီးဗီးယားနိုင်ငံ တာရစ်ဂျာပြည်နယ်မှာ မိုးကြီးပြီး မြေပြိုလို့ ဖေဖော်ဝါရီ ၂၁ ရက်က လူ ၂ ယောက်ထက်မနည်း သေဆုံးပြီး ၈ ယောက်ကျော် ပျောက်ဆုံးနေပါတယ်။
နိုင်ငံတောင်ပိုင်းက အန်ထရီရီးယော့စ်စည်ပင်ဒေသမှာ အပျက်အစီးတွေ ရွှံ့တွေကြားမှာ ကယ်ဆယ်ရေးသမားတွေနဲ့ ဒေသခံတွေက ဆက်ပြီး ရှာနေဆဲပါ။
ရွှံ့မြေတွေ ပြိုကျလို့ မိသားစု ၅၀၀ ထက်မနည်း တိုက်ရိုက်ထိခိုက်ခဲ့ပြီး ရှင်သန်ကျန်ရစ်သူတွေကို အသည်းအသန် ရှာနေတယ်လို့ ဒေသခံ မီဒီယာတွေက အစီရင်ခံပါတယ်။
ဘိုလီးဗီးယားနိုင်ငံမှာ မိုးရာသီဟာ နှစ်စဉ် နိုဝင်ဘာလမှာ စပြီး မတ်လမှာ အဆုံးသတ်ပါတယ်။