မြဝတီမြို့တွင် ဗုံးပေါက်ကွဲ

ကရင်ပြည်နယ် မြဝတီမြို့၊ အမှတ် ၅ ရပ်ကွက် ဦးအောင်ဇေယျလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ မတ် ၆ ရက် ည ၉ နာရီလောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်တဲ့နေရာဟာ မြဝတီမြို့မရဲစခန်းနဲ့ ကိုက် ၅၀ သာအကွာရှိပြီး လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။ ဘယ်အဖွဲ့က ဗုံးဖောက်ခွဲတယ်ဆိုတာလည်း မသိရဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက် မွန်းတည့် ၁၂ နာရီလောက်ကလည်း မြဝတီမြို့မှာ စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲပြုလုပ်ပြီးချိန် ဘုရင့်နောင်လမ်းမကြီးဘေး မြို့နယ်လျှပ်စစ်ရုံးဝင်းအနီးမှာ ဗုံးပေါက်ကွဲခဲ့မှု ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။