ခါဆန်မြို့ရှိ ယူကရိန်းစစ်အခြေစိုက်စခန်းကို ရုရှား ထိန်းချုပ်

3
ယူကရိန်းတောင်ဘက် ခါဆန်မြို့ရဲ့ ဆင်ခြေဖုံးနေရာတွေက ယူကရိန်းစစ်အခြေစိုက်စခန်းကို ရုရှားစစ်တပ်က အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ရုရှားကာကွယ်ရေးဌာနက ဗွီဒီယို ထုတ်လွှင့်ပါတယ်။
ကုလသမဂ္ဂစာရင်းအရ ရုရှားကျူးကျော်စစ် ၁၀ ရက်အတွင်း အရပ်သား ၃၃၁ ဦး သေဆုံးပြီး ၆၇၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
ယူကရိန်းကို ရုရှားနိုင်ငံက ကျူးကျော်စစ် ဆင်နွှဲနေတာကြောင့် လူ ၁ ဒသမ ၂ သန်းကျော်က အိမ်နီးချင်း ပိုလန်နဲ့ရိုမေးနီးယားနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။