အစ္စရေးဘာသာရေးခေါင်းဆောင်ဈာပန လူ ၁ သန်းခန့် တက်ရောက်

အစ္စရေးမှာ အများကြည်ညိုလေးစားတဲ့ အသက် ၉၄ နှစ်ရှိ ဂျူးပညာရှင် ရဗ္ဗီ ‘ဟိုက်ကာနီးစကီး’ ရဲ့ ဈာပနကို လူ ၁ သန်းနီးပါး လာရောက် ဂါရဝပြုခဲ့ပါတယ်။
ရဗ္ဗီ ဟိုက်ကာနီးစကီးဟာ ဂျူးဥပဒေဆိုင်ရာမှာ ဩဇာတိက္ကမကြီး ပြောဆိုပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး အစ္စရေးစီးပွားရေးမြို့တော် ဘန်နီဘရက်မှာ မတ် ၁၈ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။
မတ် ၂၀ ရက်နေ့ ဈာပနမှာ အလောင်းကို သင်္ချိုင်းရှိရာ သယ်ယူသွားတဲ့ လမ်းတလျှောက် ပူဆွေးမှု ပြတဲ့ အနက်ရောင်ဝတ်စုံတွေလွှမ်းပြီး လူပင်လယ်ကြီး ဖြစ်ခဲ့ပါတယ်။
ဘီလာရုစ်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ရဗ္ဗီကာနီးစကီးဟာ သဘောထားတင်းမာတဲ့ အော်သိုဒေါ့ဇ် အယူအဆရဲ့ ခေါင်းဆောင်ပါ။
သူက ကိုဗစ်ကပ်ဘေးကာလအတွင်း အော်သိုဒေါ့ဇ် ဘာသာရေးကျောင်းတွေ ဆက်ဖွင့်ထားဖို့ ပြောဆိုတာကြောင့် အစ္စရေးအာဏာပိုင်တွေရဲ့ ငြိုငြင်တာ ခံခဲ့ရပါတယ်။
အစ္စရေးမှာ လူဦးရေ ၉ ဒသမ ၄ သန်းရှိတဲ့အနက် ၁၂ ရာခိုင်နှုန်းက သဘောထားတင်းမာတဲ့ အောသိုဒေါ့ဇ် ဘာသာရေးအုပ်စုဝင်တွေပါ။