close

ကမ္ဘာ့ဖလားအပြီး ကြီးမားသည့် အပြောင်းအလဲတခုဖြစ်လာနိုင်ကြောင်း မက်ဆီပြော

လာမယ့်ကာတာကမ္ဘာ့ဖလားအပြီးမှာ ကစားသမားဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲတခုဖြစ်လာ နိုင်တယ်လို့ မက်ဆီက ပြောပါတယ်။ 

အာဂျင်တီးနားက ဗင်နီဇွဲလားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ် အပြီးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေကို မက်ဆီက ခန့်မှန်းသုံးသပ်ခဲ့တာပါ။ 

ကမ္ဘာ့ဖလားအပြီးမှာ အသက် ၃၅ နှစ်ရှိလာမယ့် မက်ဆီအနေနဲ့ နိုင်ငံအသင်းကနေ အနားယူ ဖို့လည်း စဉ်းစားနိုင်ပြီး ကလပ်အသင်းနဲ့ ပတ်သက်ပြီးတော့လည်း ဆုံးဖြတ်ချက်ချဖို့ရှိပါတယ်။ 

လက်ရှိ အခြေအနေမှာတော့ တိကျသေချာတဲ့ အဖြေမရှိသေးပေမယ့် ကာတာကမ္ဘာ့ဖလားအပြီးမှာ ပြန်လည်သုံးသပ်သွားမယ်လို့ မက်ဆီကပြောပါတယ်။ 

“ကမ္ဘာ့ဖလားအပြီးမှာ ဘာဖြစ်လာမလဲ မသိပေမယ့် ကိစ္စအတော်များများကို ပြန်လည်သုံးသပ်မှုတွေ လုပ်ရမှာကတော့ သေချာပါတယ်။ ကိုပါအမေရိကဖလား မရခင်ကတည်းက အာဂျင်တီးနားနဲ့ ပူးပေါင်းရတိုင်း ပျော်ရွှင်ရပါတယ်။ ကမ္ဘာ့ဖလားအပြီးမှာ  ဖြစ်နိုင်သမျှ အကောင်းဆုံးနည်းလမ်းတွေဖြစ်လာဖို့ မျှော်လင့်ပေမယ့် ကြီးမားတဲ့ အပြောင်းအလဲ တွေ ဖြစ်လာမှာကသေချာပါတယ်။” 

ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားအသင်းနဲ့ ရလဒ်မကောင်းခဲ့ပါက လက်ရွေးစင်ကစားသမားဘဝကနေ မက်ဆီ အနားယူနိုင်တယ်လို့လည်း ခန့်မှန်းသုံးသပ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up