close

သေ့ဘောဘိုးအနီး စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီး ၆၀ ကျော် သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးအနီး ဝေါလေလမ်းမပေါ်မှာ  မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းကို KNLA၊ DKBA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆၀ ကျော်သေပြီး ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။

ဘလယ်ဒိုစခန်းလမ်းမှာ ပူးပေါင်းတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့လို့  စစ်ကောင်စီ ၆၁ ဦး သေဆုံး ၂၀ ကျော်ဒဏ်ရာရသွားပြီး လူနာတွေကိုတော့ ကျောက်ခက်ဘုန်းတော်ကြီးကျောင်းမှာ တချို့ထားရှိကာ တချို့ကိုတော့ ကားသုံးစီးနဲ့ သင်္ဃန်းညီနောင် စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေဟာ မောခီး၊ ကလော်ကော်၊ အို့ကရစ်ခီး၊ အို့ကရစ်ထပ်နဲ့ ကနဲလေး စစ်ကောင်စီတပ်စခန်းတွေကို စစ်ကူတပ်ကူအဖြစ်နဲ့ စေလွှတ်တဲ့ တပ်တွေဖြစ်ပြီး  KNLA ၊ KNDO DKBA တပ်တွေကို ရှင်းလင်းဖို့ နေပြည်တော်ကနေ ညွှန်ကြားချက်ပေးထားတဲ့ တပ်ဖွဲ့တွေလို့ သိရပါတယ်။

မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက  စစ်ရဟတ်ယာဉ်တွေနဲ့  လာရောက်ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေ ၄၀၀ ကျော်လောက်  ထိုင်းနိုင်ငံဘက်ကို ထပ်မံ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up