close

ဂန့်ဂေါမြို့ပေါ်တွင် စစ်ကောင်စီတပ်က နေအိမ်များကို ရှာဖွေပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှာ မတ် ၃၀ ရက်က စစ်ကောင်စီတပ်သားတွေဟာ ဒေသခံအိမ်တွေကို စစ်ဆေးရှာဖွေပြီး အမှတ် ၁ ရပ်ကွက်က ၁၉ နှစ်အရွယ် လူငယ်နှစ်ယောက်နဲ့ ၄ ရပ်ကွက်က အသက် ၄၀ အရွယ် အမျိုးသားတယောက်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခံရတဲ့သူနဲ့ နီးစပ်သူတဦးက "သူတို့က နေအိမ်တွေကို စစ်ဆေးရှာဖွေတယ်၊ ဘာမှ မသင်္ကာဖွယ်ရာ တစုံတရာ အကြောင်းအရာမရှိဘဲ PDF တွေနဲ့ အဆက်အသွယ်ရှိတယ်၊ PDF တွေကို ထောက်ပံ့‌တယ်ဆိုပြီး ဖမ်းဆီးသွားတယ်" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဖမ်းဆီးခံ အမျိုးသား ၃ ဦးကို ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်အတွင်း ဖမ်း‌ဆီးခေါ်ဆောင်သွားတယ်လို့ သိရပြီး အခုအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရရှိသေးပါဘူး။

စစ်ကောင်စီတပ်သားတွေဟာ ဂန့်ဂေါမြို့‌ပေါ်မှာလည်း လမ်းသွားလမ်းလာတွေကို ရှောင်တခင် စစ်ဆေးနေပြီး ဖုန်းတွေကို အဓိကထား စစ်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်‌ကောင်စီတပ်သားတွေဟာ ဂန့်ဂေါနယ်မြောက်ပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တောတောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up