close

တော်လှန်ရေးနေ့ စစ်ရေးပြပွဲတွင် စစ်သားနှင့် ထိုးကြိတ်ရန်ဖြစ်ခဲ့သည့် ရဲ ၅ ဦး အချုပ်ထဲရောက်

နေပြည်တော်မှာ မတ်လ ၂၇ ရက်ကကျင်းပခဲ့တဲ့ ၇၇ နှစ်မြောက်  ဖက်စစ်တော်လှန်ရေးနေ့  စစ်ရေးပြပွဲမှာ စစ်သားတွေနဲ့ ရဲတွေ ခိုက်ရန်ဖြစ်ပွားခဲ့တာနဲ့  ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင် ၅ ယောက်ကို  အချုပ်ထဲထည့်ဖမ်းဆီးထားတယ်လို့ ရဲအသိုက်အဝန်းကနေ သိရပါတယ်။ 

စစ်ရေးပြပွဲမှာ စစ်သားတွေပါတဲ့ စစ်ကြောင်းနဲ့ ရဲမေတွေပါတဲ့ စစ်ကြောင်း စကားများရာကနေ စတင်ရန်ဖြစ်ပြီး စစ်သား ၃ ယောက်  ဒဏ်ရာရရှိခဲ့တာကြောင့် အခုလို ရဲ ၅ ယောက်ကို  ဖမ်းဆီးထားတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

“ဒီကောင်တွေက ရဲမေတွေကိုစတာ အဲ့ကနေ ပြဿနာတက်တာ။ ပြဿနာတက်တော့ ဝိုင်းထိုးတဲ့ပုံရတယ်။ အဲ့မှာ စစ်သား ၃ ယောက်က ထိခိုက်ဒဏ်ရာရတာမျိုးပေါ့။ အဲ့တာကြောင့် အဖမ်းခံရတာ ခုတော့ ဗဟိုကင်းအချုပ်မှာ” လို့ ပြောပါတယ်။

စစ်သားတွေနဲ့ ရဲတွေ ရန်ဖြစ်တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံလာတာကြောင့် ခုလိုမျိုး ထိန်းသိမ်းခံရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီတပ်သားတွေကို ဝိုင်းထိုးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို ရန်ဖြစ်တဲ့နေ့မှာ စစ်တပ်ဗဟိုကင်းကို အရင် ခေါ်ဆောင်သွားတာဖြစ်ပြီး ၂ ရက်အကြာမှ ရဲဌာနချုပ်လက်အောက်မှာရှိတဲ့ ဗဟိုကင်းကို ပြန်ပို့ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

Photo-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up