အာဆင်နယ်တွင် ကြီးမားသည့်ရည်မှန်းချက်မရှိသဖြင့် နည်းပြအာတီတာ ထွက်ခွာနိုင်ဟု နဗီးလ်သုံးသပ်

အာဆင်နယ်အသင်းဟာ တခြားထိပ်တန်းအသင်းတွေလောက် ရည်မှန်းချက်မကြီးတဲ့အတွက် နည်းပြ အာတီတာ ထွက်ခွာနိုင်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကပြောပါတယ်။
နည်းပြအာတီတာဟာ ထူးချွန်တဲ့နည်းပြဖြစ်လို့ နှစ်သက်သဘောကျပေမယ့် အာဆင်နယ်အသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင် အသင်းနဲ့ လမ်းခွဲသွားနိုင်တယ်လို့ နဗီးလ်ကပြောပါတယ်။
“နည်းပြ မီခေးလ် အာတီတာနဲ့ပတ်သက်ပြီး ကျနော် သဘောကျပါတယ်။ သူဟာ ရှိတဲ့ လူငယ်တွေနဲ့ ရအောင်လုပ်ပြီး ရလဒ်ကောင်းတွေရယူထားတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာအချက်က အချိန်တခုအထိ ကျရူံးခဲ့ဖူးလို့ အဆင့်လေး ၄ နေတာကပဲ အောင်မြင်မှုလို့ ထင်စရာရှိတယ်။ အဆင့် ၄ ရခဲ့မယ်ဆိုရင် ဖြစ်နိုင်မျှ အကောင်းဆုံးလုပ်ခဲ့တာလို့ ပြောလိမ့်မယ်။ ပြီးတော့ အသင်းပြောင်းရွှေ့ချင်တယ်လို့ ပြောလာနိုင်တယ်” လို့ နဗီးလ်က ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဂွါဒီယိုလာရဲ့မန်စီးတီး၊ ကလော့ပ်ရဲ့လီဗာပူးတို့နဲ့ ယှဉ်မယ်ဆိုရင် အဆင့်ကွာဟမှုရှိသေးတာကြောင့် အသင်းဘက်က ပြည့်စုံတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်မပေးဘူးဆိုရင် နည်းပြအာတီတာက အသင်းပြောင်းဖို့ ဆုံးဖြတ်လိမ့်မယ်လို့ ဂယ်ရီနဗီးလ်က သုံးသပ်ခဲ့ပါတယ်။