သီရိလင်္ကာတွင် ညမထွက်ရအမိန့်ကို ဆန့်ကျင်ဆန္ဒပြ

သီရိလင်္ကာမှာ ပရာဒီနီယာမြို့မှာ ဧပြီ ၃ ရက်က တနိုင်ငံလုံး ညမထွက်ရအမိန့်ထုတ်ပြန်ထားမှုကို ဆန့်ကျင် ဆန္ဒပြခဲ့တာကြောင့် ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။
သီရိလင်္ကာကျွန်းနိုင်ငံဟာ အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရပြီး ကုန်ဈေးနှုန်းကြီးမြင့်၊ အထွေထွေစားကုန် ပြတ်လပ်ကာ တနေ့ ၁၃ နာရီ လျှပ်စစ်မီး ပြတ်နေတာပါ။
ဆန္ဒပြမှုတွေကြောင့် အစိုးရက ဧပြီ ၂ ရက်နေ့မှာ အရေးပေါ်ကြေညာပြီး တနိုင်ငံလုံး ကာဖျူးအမိန့် ထုတ်ထားပါတယ်။
မနေ့က ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ Whatsapp ဆိုရှယ်မီဒီယာတွေကိုလည်း အစိုးရက ပိတ်ထားလိုက်ပါတယ်။
အိန္ဒိယပင်လယ်ကျွန်းနိုင်ငံဟာ အစိုးရအဆက်ဆက် စီမံခန့်ခွဲမှုညံ့ဖျင်းမှ အဂတိ လိုက်စားမှု တွေကြောင့် ပြင်ပကြွေးမြီနစ်ပြီး ကူကယ်မယ့်နိုင်ငံ ရှားပါးနေပါတယ်။