ဥပဒေကို လက်တလုံးခြားလုပ်မှု စွပ်စွဲချက်ဖြင့် မန်စီးတီး စုံစမ်းစစ်ဆေးခံရ

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ဥပဒေကို လက်တလုံးခြား လုပ်ဆောင်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပရီးမီးယားလိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုခံနေရတယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘဏ္ဍာရေးစည်းမျဉ်းကို ကျော်လွန်ပြီး ငွေကြေးသုံးစွဲမှုတွေကြောင့် ဥရောပ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာ ပြန်လည်ပယ်ဖျက်ပေးခဲ့တာပါ။
လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးခံရမှုဟာလည်း ဘဏ္ဍရေးစည်းမျဉ်းနဲ့ ပတ်သက်မှုရှိသလို နည်းပြဟောင်း မန်ချီနီကို လျော်ကြေးပေးထုတ်ပယ်စဉ်ကလည်း စည်းမျဉ်းဥပဒေတွေကို လက်တလုံးခြားပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ အသက် ၁၈ နှစ်အောက် လူငယ်ကစားသမားတွေကိုလည်း စာချုပ် တွေမှာ လက်မှတ်ထိုးဖို့ အတင်းအကျပ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်အသင်းကို ပိုင်ဆိုင်တဲ့ အဘူဒါဘီအုပ်စုဟာ တဖက်လှည့်နဲ့ အသင်းကို ပြန်လည် စပွန်ဆာပေးမှုတွေရှိခဲ့တာကို စုံစမ်းစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။
အဲဒီစွပ်စွဲချက်တွေကို ဂျာမန်သတင်းစာ Der Spiegel က ဖော်ထုတ်ရေးသားခဲ့ပြီး BBC Sport က မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ကို ဆက်သွယ်ခဲ့ပေမယ့် မှတ်ချက်တစုံတရာ မပေးသေးဘူးလို့ သိရပါတယ်။