ရုရှားတပ်ဆုတ်ခွာစဉ် ထားခဲ့သည့် မြေမြှုပ်မိုင်းများ ယူကရိန်းတပ်ဖွဲ့ ရှင်းလင်း

5
ကိယက်ဗ်မြို့တော် အရှေ့ဘက် ကီလိုမီတာ ၁၀၅ အကွာရှိ နိုယိဘိုင်ကိဗ်ကျေးရွာမှာ ရုရှားတပ်တွေ ဆုတ်ခွာစဉ် ဖြန့်ကျက်ချထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို ဧပြီ ၁၄ ရက်က ယူကရိန်းနယ်မြေကာကွယ်ရေး တပ်ဖွဲ့တွေ ရှာဖွေရှင်းလင်းခဲ့ပါတယ်။
ရုရှားတပ်တွေက ကျေးရွာကို ဖေဖော်ဝါရီ ၂၇ ရက်က ဝင်ရောက်ခဲ့ပြီး ယူကရန်းတပ်တွေ ပြန်လည်မသိမ်းပိုက်ချိန်အထိ တင့်ကားနဲ့ အမြောက်စခန်းအဖြစ် အသုံးပြုခဲ့တာပါ။
ရုရှားတပ်တွေက သူတို့ခဏနေထိုင်တဲ့ လူနေအိမ်တွေအောက်မှာ ဖောက်ခွဲရေးပစ္စည်းတွေ မြှုပ်ထားခဲ့ပြီး သမ္မတပူတင်က အဲဒီလုပ်ရပ်ကို အထူးစစ်ဆင်ရေးလို့ ခေါ်ဆိုခဲ့တာပါ။