ယူကရိန်းနိုင်ငံ ဗင်နိဇိယာမြို့၌ ရုရှားဒုံးကျည်ထိမှန်ပြီး ၂၁ ဦး သေဆုံး

4
ယူကရိန်းနိုင်ငံ၊ ဗင်နိဇီယာမြို့မှာ ရုရှားစစ်တပ်က ပစ်လိုက်တဲ့ ဒုံးကျည် ထိမှန်လို့ လူ ၂၁ ယောက် သေဆုံးပြီး အယောက် ၉၀ ဒဏ်ရာရတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ဇူလိုင် ၁၄ ရက်မှာ ပြောပါတယ်။
“နောက်ထပ် လူ ၄၃ ယောက် ပျောက်ဆုံးနေတယ်။ တချို့က ဆေးရုံတက်ရောက်ပြီး၊ တချို့က သေဆုံးသွားပြီ”လို့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီး ဒန်နီ မိုနက်စတာစကီးက ပြောပါတယ်။
ဒုံးကျည်တွေဟာ ရုံးအဆောက်အအုံတခုကို ထိမှန်ခဲ့သလို၊ အနီးအနားက လူနေအဆောက်အအုံ တွေလည်းတွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
ရုရှား စစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ တလျှောက်လုံး ငြင်းဆို နေတာပါ။
ဒါပေမဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်တဲ့ ရုရှားရဲ့ ကျူးကျော်စစ်အတွင်း အရပ်သားတွေ ထောင်ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။