စပိန်တွင် တောမီး မထိန်းချုပ်နိုင်သေး၊ အပူလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၅၀ ရှိလာ

စပိန်နိုင်ငံ ဇာမိုရာဒေသထဲမှာ လောင်ကျွမ်းနေတဲ့ တောမီးကို မထိန်းချုပ်နိုင်သေးဘဲ ကောင်းကင် တခွင်လုံး မီးခိုးတွေ ဖုံးလွှမ်းနေတာကို ဇူလိုင် ၁၈ ရက်က တွေ့ရပါတယ်။
စပိန်နိုင်ငံမှာ အပူလှိုင်း ဖြတ်သန်းနေတာ တပတ်ကျော်လာပြီး အပူဒဏ်ကြောင့် သေဆုံးသူ ၁၅၀ ရှိသွားပြီလို့ Carlos III Health Institute ကျန်းမာရေးဌာနက ခန့်မှန်းထားပါတယ်။
ဂါလီစီယာ၊ ကက်စတယ်လီနဲ့ လီယွန်၊ ကာတာလိုနီးယား၊ အိတ်ထရီးမာဒူရား၊ အန်ဒါလူစီယား ဒေသတွေမှာ အကျယ်အဝန်း ဟတ်တာ ထောင်ပေါင်းများစွာ တောမီးလောင်ကျွမ်းခဲ့ပြီး ဖြစ်ပါတယ်။
ဇာမိုရာခရိုင်ထဲမှာ တောမီးကို ငြှိမ်းဖို့ ကြိုးစားရင်း မီးသတ်သမား တယောက် သေဆုံးသွားခဲ့ပါတယ်။
တနိုင်ငံလုံး အတိုင်းအတာနဲ့ တောမီး အန္တရာယ် ရှိနေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
ဒီတနှစ်လုံးအတိုင်းအတာနဲ့ ဟတ်တာ ၇၀,၀၀၀ ကျော် ( ဧက ၁၇၀,၀၀၀ ကျော်) တောမီး လောင်ကျွမ်းခဲ့ပြီးလို့ တရားဝင် ကိန်းဂဏန်းတွေအရ သိရပါတယ်။