မိုးခေါင်မှုနှင့် အပူဒဏ်ကြောင့် တရုတ်နိုင်ငံ၏အကြီးဆုံး ရေချိုအိုင် ရေခန်းခြောက်

ပုံမှန်အားဖြင့် ဩဂုတ်လမှာ ရေပြည့်လေ့ရှိတဲ့ တရုတ်နိုင်ငံရဲ့ ပိုယန်ရေကန်ကြီးဟာ အခုတော့ ရေခန်းခြောက်ပြီး ရေကန်ကြမ်းပြင်နေရာတချို့မှာ ပက်ကြားအက်တွေကို သြဂုတ် ၂၈ ရက်မှာ ရိုက်ကူးထားတဲ့ ဒရုန်းဗီဒီယိုမှာ မြင်တွေ့ရပါတယ်။
အဲဒီ ဒရုန်းဗီဒီယိုဖိုင်ဟာ နိုင်ငံတွင်း ကာလရှည်ကြာ မိုးခေါင်မှုနဲ့ အပူလှိုင်းဒဏ်ကို သက်သေပြနေတာလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေချိုအိုင် ပိုယန်ရေကန်ဟာ ကျန်းရှီးပြည်နယ်အလယ်ပိုင်း ယန်ဇီမြစ် စီးဆင်းမှုကို ထိန်းညှိရာမှာ အလွန်အရေးပါတာကြောင့် နိုင်ငံရဲ့ ကျောက်ကပ်အဖြစ် တင်စား ခေါ်ဝေါ်လေ့ ရှိပါတယ်။
ခုတော့ ဒီရေကန်ဟာ ပုံမှန်စိုစွတ်တဲ့ နွေရာသီမှာ ရေလွှမ်းမိုးပြီးတဲ့နောက် ခြောက်သွေ့တဲ့ ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ရေသိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။
ခုနှစ်မှာ ယန်ဇီမြစ်ဝှမ်းတစ်လျှောက် စံချိန်တင် အပူလှိုင်းဟာ ရက်ပေါင်း ၇၀ ကျော်အထိ ပျံ့နှံ့လာလို့ ရေကန်အကျယ်က ပုံမှန်ထက်စောပြီး ကျုံ့သွားခဲ့တာပါ။ လွန်ခဲ့တဲ့လ နည်းငယ်မှာတော့ ရေကန်ဟာ မူလ အရွယ်အစားရဲ့ ငါးပုံတစ်ပုံသာ ကျန်ရှိပါတော့တယ်။
ရွာသားတွေနဲ့ ခရီးသွားတွေဟာ ဂုံးကောင်တွေနဲ့ ငါးတွေကြားက အက်ကွဲနေတဲ့ ရေကန်ရဲ့ ကြမ်းပြင်ပေါ်မှာ နင်းရင်း သက်သောင့်သက်သာ သွားလာနိုင်ကြပါပြီ။
ရေမျက်နှာပြင် ကျုံ့သွားလို့ အနီးနားနေထိုင်သူတွေအတွက် ပို့ဆောင်ရေးနဲ့ သောက်သုံးရေ ထောက်ပံ့ရေးကိုလည်း ထိခိုက်ခဲ့ပါတယ်။
အာဏာပိုင်တွေက မြစ်အောက်ပိုင်း ရေပြတ်လပ်မှုကို လျှော့ချဖို့ ဥမင်သုံးသွယ်ဆည်နဲ့ တန်းကျန်ခို့ ဆည်တွေက ရေတွေကို ထုတ်လွှတ်ထားပြီးပြီလို့ နိုင်ငံပိုင်ရုပ်သံ CCTV က ကြေညာခဲ့ပါတယ်။