close

ရေးမြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ  အမျိုးသားတဦး  စက်တင်ဘာ ၁၃ ရက် နေ့လယ် ၂ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသတ်ခံရသူဟာ စစ်တပ်ရဲ့သတင်းပေးလို့လူသိများတဲ့ ကိုဖိုးစီဖြစ်ပြီး ရေးမြို့ တူးမြောင်းကျေးရွာအနီး လေယာဉ်ကွင်းဟောင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။  ကိုဖိုးစီရဲ့ ဖခင်ဖြစ်တဲ့ အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဟာလည်း PDF တွေရဲ့ သတ်ဖြတ်ခံရသူဖြစ်ပါတယ်။

ကိုဖိုးစီရဲ့ လုပ်ဖော်ကိုင်ဘက်တယောက်က “အခု ဖိုးစီကို စောင့်ကြည့်နေတာ၊ စစ်တပ်ရဲ့ သတင်းပေးတာတွေလုပ်ပြီး သူ့အဖေ‌ ဦးမောင်မြင့်ကလည်း အစင်ရွာမှာ သူ့ကြောင့် ဖမ်းဆီးခံရတာတွေ၊ မတရား အနိုင်ကျင့်ခံရလို့ သူ့အဖေကိုလည်း PDF တွေက မနှစ်က ပစ်ခတ်ခံရပြီး သေဆုံးထားခဲ့ပါတယ်။ သူက ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူးရေးသမားတဦး ဖြစ်တယ်။ အခု သူ့လုပ်ငန်းကနေ သွားရောက်လုပ်ကိုင်စဥ်မှာ အခုလိုအသတ်ခံရတယ်။ သူက အနေအေးတယ်။ ဒါပေမဲ့ သူ့အဖေလည်း အသတ်ခံရပြီးတဲ့နောက် သူလည်း စစ်တပ်ကို သတင်းပေးတာ လုပ်လား၊ မလုပ်လားဆိုတာတော့ မပြောရဲဘူး” လို့ ပြောပါတယ်။

အန်အယ်လ်ဒီပါတီဝင်တွေကို တိုက်ခိုက်တာ၊ မတရားဖမ်းဆီးခိုင်းတာတွေ ရှိခဲ့လို့ အခုလို လုပ်ကြံခံရတာ ဖြစ်နိုင်ပြီး သူ့အစ်ကိုကလည်း စစ်တပ်က ဗိုလ်တဦး​ဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့၊ မွေးမြူရေးဇုန်အကျော် အဘော်ကျေးရွာအဝင်လမ်းဝရှိ ရေး-အစင်ရွာသွား ကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းက စစ်ကောင်စီခန့် အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့် သေနတ်ပစ်ခတ်ခံရပြီး ဦးခေါင်းထိမှန် သေဆုံးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up