close

မက္ကဆီကို အရက်ဘားတခုတွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း၊ ဂွါနာဟွာတိုပြည်နယ်ရှိ အရက်ဘားတခုမှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ တိုက်ခိုက်မှုမှာ သေဆုံးသူ ၁၀ ယောက်လုံးဟာ အမျိုးသားတွေပဲ ဖြစ်ပြီး ကျူးလွန်သူ တယောက်ကိုမှ ဖမ်းမမိသေးကြောင်း အမည်မဖော်လိုသူ အရာရှိတယောက်က ပြောပါတယ်။

အမျိုးသား ၉ ယောက်ဟာ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး ကျန်တယောက်ကတော့ ဆေးရုံကို ပို့ဆောင်ပြီးနောက်မှာ သူရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတာဖြစ်ကြောင်း ပြည်နယ်အစိုးရ အရာရှိတယောက်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အာဏာပိုင်တွေ ရှာဖွေနေပြီး တရားမျှတအောင် စီရင်ပေးမယ်လို့ ဂွါနာဟွာတိုပြည်နယ်အုပ်ချုပ်ရေးမှူး ဒီးဂို ဆင်ဟွယ် ရိုဒရီဂွက်ဇ်က ပြောပါတယ်။

ဂွါနာဟွာတိုပြည်နယ်ဟာ မက္ကဆီကန်ပြည်နယ်တွေထဲမှာ လူသတ်မှုဖြစ်တာ အများဆုံးနှစ်လို့ ဖက်ဒရယ်လုံခြုံရေးဝန်ကြီးဌာနက ပြောကြားလိုက်ပြီး ဇန်နဝါရီလကနေ ဩဂုတ်လအတွင်း သေဆုံးသူ ၂,၁၁၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up