ရုရှားဓာတ်ငွေ့ပိုက်လိုင်းပြန်ဖွင့်ရေး ဂျာမနီတွင် ဆန္ဒပြ

ယူကရိန်းစစ်ပွဲ စတင်အပြီး ရုရှားကနေ ဂျာမနီနိုင်ငံဆီကို ပို့ဆောင်တဲ့ နော့ဒ်စထရင်းမ်တူး ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းထားတာကို ပြန်ဖွင့်ပေးဖို့ ဂျာမနီနိုင်ငံ အရှေ့ခြမ်းပင်လင်ကမ်းခြေမြို့လဘ်မင်မှာ စက်တင်ဘာ ၂၅ ရက်က ဂျာမန်လူမျိုး ရာပေါင်း များစွာက ဆန္ဒပြတောင်းဆိုကြပါတယ်။
“ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ရင် အပူပေးစနစ်ကို ပိတ်တာနဲ့ တူတူပဲ။ ဂျာမနီဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ဒီလိုမျိုးမဖြစ်နိုင်ပါဘူး"လို့ ဆန္ဒပြပွဲစီစဉ်သူက ပြောပါတယ်။
ဒီမြို့ဟာ ဂျာမနီမှာ Nord Stream 2 ပိုက်လိုင်း ဆိုက်ရောက်ရာ မြို့ပါ။ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တာကို ဆန့်ကျင်တဲ့အနေနဲ့ ယူကရိန်းအမျိုးသမီးတစ်ဖွဲ့က စင်မြင့်ရှေ့မှာ တက်လာပေမယ့် လုံခြုံရေးဝန်ထမ်းတွေက စောင့်ကြပ်ပေးခဲ့ကြပါတယ်။
ဂျာမနီအဓိပတိ အောလော့ဖ်ှရွှိုက်ဇ်ရဲ့ ပင်လယ်ကွေ့ဒေသသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဒုတိယမြောက်နေ့မှာ ဆန္ဒပြမှုဟာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်ဖို့နဲ့ ရုရှားဆီက စွမ်းအင်အားမကိုးရဖို့ ကြိုးပမ်းတဲ့ လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။
မကြာသေးခင်က ဂျာမန်စီးပွားရေးဝန်ကြီး ရောဘတ်ဟာဘက်ခ်ဟာ လဘ်မင်မြို့ဆီကို သွားရောက် လည်ပတ်ခဲ့ပြီး Nord Stream 2 ဟာ ဂျာမနီနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်မယ့် အခြေအနေမျိုးမရှိဘူးလို့ ပြောခဲ့ပါတယ်။