ကတ်စမီရိုကို အရန်ခုံပို့ပြီး တွန်မီနေးကို ဦးစားပေးသည့်အပေါ် ဗန်ဒါဗတ် ဝေဖန်

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ်ဂ်ဟာ ကွင်းလယ်လူ ကတ်စမီရိုကို အရန်ခုံမှာထားပြီး တွန်မီနေးကို ဦးစားပေး ပွဲထွက်ခွင့်ပေးနေတဲ့အပေါ် ကစားသမားဟောင်း ဗန်ဒါဗတ်က ဝေဖန်သွားပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ မန်စီးတီးကို ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပေါင်သန်း ၇၀ နဲ့ ခေါ်ယူထားတဲ့ ဝါရင့်ကွင်းလယ်လူ ကတ်စမီရိုကို အရန်ခုံမှာထားပြီး တွန်မီနေးကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းကစားစေခဲ့တာပါ။
ပွဲချိန် မိနစ် ၆၀ ရောက်မှ တွန်မီနေးနေရာမှာ ကတ်စမီရိုကို အစားထိုး အသုံးပြုခဲ့တာပါ။
ဟော်လန်နဲ့ စပါးကစားသမားဟောင်း ရာဖေးလ်ဗန်ဒါဗတ်ကတော့ ကတ်စမီရိုကို ပွဲစကတည်းက အသုံးမပြုတာက ကိုယ့်ပြဿနာကို မီးခွက်ထွန်းရှာနေတာနဲ့ အတူတူဖြစ်ကြောင်း၊ တွန်မီနေးကို ပွဲထွက်ခွင့်ပေးနေတာက အလွန်ကြီးမားတဲ့ မိုက်မဲမှုဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကလည်း ကတ်စမီရိုကို အရန်ခုံမှာထားခဲ့တာက မလေးမစားပြုမူရာ ရောက်ကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။